Friday, June 1, 2007

ခဲပန်းချီအကြောင်း အပိုင်း ( ၆ )


ကဲ ဒီတစ်ခေါက်တော့ Stroke ကောင်းကောင်းဆွဲထားတဲ့ ပုံနဲ့ မကောင်းတဲ့ပုံ နှစ်ပုံကို ယှဉ်ပြလိုက်ရင် ၊ ပုံတစ်ပုံကို မြင်ရတဲ့အမြင်ခြင်း ၊ ခံစားရတဲ့ အရသာ ခြင်းစီလည်း ကွဲပြားမှုကို တွေ့ရလိမ့်မယ်။ ပထမပုံကတော့ ရုပ်ထုကို Live ကြည့်ဆွဲထားတာ။ ကိုယ့်ဘက်က မြင်ရတဲ့ အမြင်ကိုဆွဲ ပြီးတော့ Tone ကို ကိုယ့်စိတ်ကြိုက် ဖြည့်ရတာ။ အဲဒီလိုဖြည့်ရတော့ ဘယ်နေရာတွေမှာ Tone အမြင့်ဆုံးခြယ်သင့်တယ်၊ ဘယ်လိုနေရာတွေမှာ လျှော့သင့်တယ်ဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ မလုပ်တတ်တော့ ပုံရဲ့အရသာပျက်ကရောပဲ။… ပါးရိုးပေါ်ပေါ် ၊ မေးရိုးထင်းထင်း ၊ ချွန်းနေတဲ့ နှာခေါင်း နဲ့ မျက်နှာရဲ့အနေအထားလေးတွေ ဘာတစ်ခုမှ ပေါ်လွင်အောင် ဆွဲမပြနိုင်ဘူး။ ဒါပေမယ့် Teacher “ ပုံတစ်ပုံကို ရုပ်လုံးပေါ်အောင် ဖန်းနိုင်တယ်။ အစပိုင်းဆိုတော့ ဒီလောက်တော့ ရှိတာပေါ့ ” တဲ့။ အင်း… ဒါတော့လဲဟုတ်တာပဲ .. ။ စာရွက်အလွတ်ကြီးကိုကိုင် ၊ ရှေ့မှာချထားတဲ့ ပန်းပုရုပ်ထုကြီးကိုကြည့်ပြီး ဘယ်ကစဆွဲရမှန်းမသိ ဖြစ်နေတာ။ နောက်ဆုံးတော့ အနီးစပ်ဆုံးတူတဲ့ ပုံတစ်ပုံတော့ ထွက်လာသားပဲလို့ ကိုယ့်ကိုကိုယ်တောင် အားပေးလိုက်သေးတယ်။ Teacher ကလည်း အပြင်မှာတွေ့ရတဲ့ အရာကို ဘယ်လိုစိတ်မှန်းနဲ့ တိုင်းထွာပြီး ဆွဲရတယ်ဆိုတာ သင်ပေးခဲ့တယ်။
အဲဒါနဲ့ပဲ လေ့ကျင့်ရမယ့် စာအုပ်ထဲက ပုံတစ်ပုံကိုပေးတယ်။ အားးပါးး… ဆွဲထားတာတော့ အရမ်းလက်ရာမြောက်တယ်။ Teacher ကပြောတယ် “ အဲဒါ ဆရာတွေကိုယ်တိုင် ဆွဲထားတာ မဟုတ်ဘူး။ တရုတ်ပြည်က ကျောင်းသားတွေဆွဲထားတဲ့ ပုံတွေကိုစုပြီး စာအုပ်ထုတ်ထားတာ” တဲ့ ။ အသက်ကြီးတဲ့လူတစ်ယောက်ရဲ့ မျက်နှာပေါ်မှာရှိတဲ့ အရေးကြောင်းတွေကို သူမြင်သလိုဆွဲသွားတာ။ အခုဆွဲပြထားတဲ့ ပုံထက် အဆ ၁၀၀ လောက်ကိုကွာတယ်။ ဒီပုံကတော့ နှစ်ကူး က အဲဒီဆွဲထားပြီးသားပုံလေးကို ကြည့်ပြီး ကိုယ်မြင်သလိုပြန်ဆွဲထားတာပါ။
အဲဒီတော့ ပုံနှစ်ကို ယှဉ်ကြည့်လိုက်မယ်ဆိုရင် အရှေ့ပိုင်းတွေတုန်းက ပြောပြောနေတဲ့ Stroke ဆိုတာ ပေါ်လွင်လာလောက်ပါပြီနော်။ Stroke ကောင်းရင် ဆွဲထားတဲ့ပုံလေးက ရုပ်လုံးကြွလာတာပေါ့။

4 comments:

Yan Aung said...

ချာမလေးရေ..
တပည့်လာလည်သြွးပါတယ်. ပညာတွေ မျှဝေပေးတဲ့အတွက် ကျေးဇူးဗျာ. ဆက်ရေးပါ. မှန်မှန်လာဖတ်သွားပါမယ်.

(တေးမွန်) said...

နှစ်ကူရေ.. ငါတော့ နငကို အားကျလာပြီ.. ငါလည်း ငယ်ငယ်က မန်ချီ ဆွဲတာ သါသနာပါခဲတယ်.. ကြီးတော ဂီတာလုပ်တယ်.. နောက်ဆုံး ကွန်ပြူတာ ပရိုဂမာ ဖြစ်လာတာ.. ဘ၀ကိုမြန်ရရင်.. ဂီတာလညာရီင် အဖြစ်ချင်ဆုံးလဲ.. (အခု မြန်မာ ပြည်က ကိုယ်ကိုကို အနုပညာသည်ဆိုပြီး အော်နေသလိုတော မဟုတ်ဝူးပေါ့).. ငါ၁၀တန်းတုန်းက ရေဆေးတွေဝယ်ပြီး အိပ်ရှေ့ က စက္ကူပန်ပြင်ကို ဆေးနဲ့ လျောက် ရေါ်ဖူးတယ် .. စိတ်အရမ်းချမ်းသာတယ်.. တခြားအာရုံ ပရှိတောဝူးလေ.. ကောင်းတယ်ကောင်းတယ်.. ချက်လုပ်..

Sai Linn Thu said...

နင်တောင်တော်တော်ဆွဲတတ်လာပြီပဲ...ငါတော့ဆွဲတတ်ဘူးနော်...ကြည့်တော့ကြည့်တတ်တယ်... :P

MYO HAN HTUN said...

တော်တော်လေးကောင်းပါတယ်

ကိုတိုး

ကျေးဇူးတင်ပါတယ်