Wednesday, June 13, 2007

မိုးရွာသော...တစ်နေ့... မန္တလေးပုံရိပ်

ဒီနေ့ မန္တလေးမှာ မနက်တည်းက မိုးရွာနေတာ နေ့လည်ထိမတိတ်သေးဖူး…။ ထုံးစံ အတိုင်း မန်းလေးက လမ်းမတွေက မိုးလေးနည်းနည်း ရွာလိုက်တာနဲ့ ရေပြင်ကြီးတွေ ဖြစ်ကုန်ရော…။ လမ်းမတွေမှာလည်း ဆိုင်ကယ်ပျက်လို့ တွန်းလာတဲ့သူတွေ၊ ကားတွေ စက်ရပ်ကုန်လို့ လမ်းဘေးမှာ ရပ်ထားရတာတွေ အဲဒီ မြင်ကွင်းကတော့ မရိုးနိုင်ပါဖူး…။ ဒါပေမယ့်လည်း မန်းလေးကနေ ဝေးနေတဲ့ သူငယ်ချင်းတွေ အတွက် အမှတ်တရ မန်းလေးပုံရိပ် တွေထဲက မိုးတွင်းပုံရိပ်တစ်ခုကို သတိတရနဲ့ ဒီ post လေး တင်ပေးလိုက်ပါတယ်…။ သူတို့တွေလဲ ဒီလို ဆိုင်ကယ်ပျက်၊ ကားပျက်တွေ ကြုံဖူးကြမှာ မလွဲဧကန်ဘဲ…။ ဟဲ…ဟဲ… သိနေတယ်လေ…သိနေတယ်….။ အခုထိ မိုးကမတိတ်သေးဖူး ။ မိုးမျက်နှာမော့ ကြည့်လိုက်တော့ ညနေထိရွာနေအုံးမယ့် ပုံပဲ…။ ပျော်လိုက်တာ… ညနေထိရွာရင်တော့ သင်တန်းကို ခွင့်တိုင်စရာမလိုဘဲ.. Automatic ပျက်လို့ရပီ… ဟီ…ဟိ…။ ဒါပေမယ့်လည်း မိုးမစဲတော့ လမ်းမပေါ် ကားတစ်စီးလောက်များ ဖြတ်သွားရင် ရေလှိုင်းလုံးကြီးတွေက အိမ်ထဲကို လှိမ့်ဝင်လာပုံများ ချောင်းသာရောက် နေတဲ့အတိုင်းပဲ... :( ။



မိုးကြီးပြီး လေမကြီးပေမယ့် အိမ်ရှေ့ကသစ်ပင်ကြီး မိုးဒဏ်မခံနိုင်လို့ လမ်းမပေါ် လဲပြိုကြရှာလေရဲ့။ တော်ပါသေးရဲ့ လူတွေ၊ ဆိုင်ကယ်တွေ၊ ကားတွေမထိလို့။




လမ်းလျှောက်သွားတဲ့ သူတွေကလည်း ရေတွေလွှမ်းလို့ စင်္ကြန်လမ်းပျောက်သွားတော့ လမ်းမပေါ်တက် လျှောက်နေရတယ်..။ ဘူတာကြီးရှေ့တစ်လျှောက်လုံး ရေပြင်ကြီး ဖြစ်လို့နေတယ်..။


ခေါင်းရွက်ဈေးသည်တွေလည်း မိုးရွာကြီးထဲမှာ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် မနားရရှာဖူး..။














6 comments:

Sai Linn Thu said...

What a nice! No need to do anything! Just going to sleep and talk with chit chit!

Unknown said...

ဟယ်ပျော်ရိုက်တာနော်.. ကျူရှင်လဲတွားချရာလိုတော့ဝူး..ဟီး
ကုတင်မှာကွေးပီး စာအုပ်နဲ့ကော်ကော် ငြိမ့်ရုံပဲ.. ဒွတ်ပါ့

Chan Mya Soe said...

မိုးရွာလို့ သင်တန်းမသွားရတော့ နှစ်ကူးတို့ စိတ်မကောင်းဖြစ်နေပုံရတယ် :P

သန့်ဇော်မင်း said...

ဝုတ်ပ.. ၀ုတ်ပ..
တော်တော်ကြီးကို ၀မ်းနည်းနေပုံရတယ်..

နှစ်ကူး said...

အဲဒီနေ့တ ရှင်ဖုန်း ရဲ့ “တယ်လီဖုန်းလေး” သီချင်း ထဲကလို ချမ်းအေးလွန်းတဲ့ မိုးသည်းသောညလေးမှာ တယ်လီဖုန်းလေး အမှတ်မထင် ထမြည်သွားပီး ဂျစ်ဂျစ်နဲ့ Talky ပစ်လို့ နရပါဖူး...။ ကုတင်ပေါ်မှာ စာအုပ်နဲ့ ကော်ကော်နဲ့လည်း ကွေးနေလို့ နရပါဖူးးးး အိမ်အောက်ထပ်မှာ ၀င်လာတဲ့ ရေလှိုင်းလုံးကြီးတွေက ချောင်းသာ ရောက်နေသလိုလို… စိုးရိမ်ရေမှတ်မှာ ရောက်နေလို့ မြင်ရာ ဂေါ်ပြားဆွဲပြီး လုပ်အားပေးလိုက်ရပါဒယ်…

Chan Mya Soe said...

ဟားဟား ... ဒါ့ကြောင့် မိုးထပ်ရွာတာ :P

ကျေးဇူးတင်ပါတယ်