Monday, June 25, 2007

ခဲပန်းချီအကြောင်း ( ၇ )

ဒီနေ့တော့ နှစ်ကူးဆွဲထားတဲ့ ပန်းချီပုံလေးတွေပဲ post တင်ထားအုံးမယ်..။ နောက်ရက်တွေကြရင် ဆွဲထားတဲ့ ပန်းချီအကြောင်းလေးတွေ ထပ်ပြောတာပေါ့…။ စာရေးတဲ့ အရေးအသားဘက်မှာ အားနည်းတော့ ဘယ်ကစပြီး ဘယ်လိုရေးရမလဲ အတော်စဉ်းစားနေတာနဲ့ ခဲပန်းချီအကြောင်း post သစ်မတင်ဖြစ်တာ တော်တော်ကြာသွားတယ်..။

ဒီပုံလေးက figure ပုံတွေဆွဲကြည့်မယ်ဆိုပီး အပြင်က ညီမကို model ထိုင်ခိုင်း သူ့ကို ကြည့်ဆွဲထားတာ..။ ပုံကြမ်းတော့ ကောက်လို့ရပါရဲ့ Tone မဖြည့်တတ်လို့ ဒီတိုင်းထားထားတာ။ နောက်ရက် သင်တန်းကို ရောက်တော့ teacher ကို ပြလိုက်တော့ teacher က သင်တန်းသားတစ်ယောက် ဆွဲထားတဲ့ မျက်နှာပုံလေးကိုပြတယ်..။ အားပါး.. စိတ်ကူးနဲ့ ဆွဲထားတဲ့ အမျိုးသမီးတစ်ယောက်ပုံက တော်တော်အသက်ဝင်တယ်..။ အဲဒီသင်တန်းသား ကလဲ ဒီလို ပုံပေါင်း အများကြီး လေ့ကျင့်ပီးမှ နောက်ဆုံးဒီလို အချိုးကျကျ ထွက်လာတာပါ..။ “ ဒီတော့ နှစ်ကူးရေ… အားမလျှော့နဲ့ ” လို့ ကိုယ့်ကိုယ်ကို အားပေးလိုက်တယ်။ အဲဒီနေ့ကတည်းက figure တွေစဆွဲရတော့တယ်..။ အဲဒီပုံလေးတွေကတော့ နောက်ရက်ကြမှနော်.. :P

ဒီနှစ်ပုံက Teacher ပြတဲ့ သင်တန်းသားတစ်ယောက်ရဲ့ ပုံလေးနှစ်ပုံပါ။။









ဤနေရာတွင် ခဲပန်းချီ အကြောင်း ခဏနားဦးမည်။







2 comments:

Unknown said...

ဟဲတော့ မော်ဒယ်ပုံလေးချွဲထားတာ အတော်တူတာပဲ.. နှစ်ကူးရ..တော်ရိုက်တာ.. ဒွတ် ဒွတ်
နောက်ကျ အပ်မိန်လဲ နှစ်ကူးရဲ့မော်ဒယ်ရုပ်မယ်နော်..အဟီးး :P:P:P

နှစ်ကူး said...

ahmei..ရဒယ်..ရဒယ်... နှုတ်ခမ်းမွှေးလေးလဲ လက်ဆောင်အနေနဲ့ တတ်ပေးလိုက်မယ်နော်...

ကျေးဇူးတင်ပါတယ်