Tuesday, June 26, 2007

ခဲပန်းချီအကြောင်း ( ၈ )

ကဲ ဒီတစ်ခါလည်း ကိုယ်တိုင်ဆွဲထားတဲ့ figure ပုံလေးတွေပဲထပ်ပြအုံးမယ်နော်..။ ပုံတွေက Texture ပိုင်းမှာ အားနည်းနေပါသေးတယ်..။ Tone ပြည့်အောင် ရဲရဲတင်းတင်း မဖြည့်ရဲသေးဖူး။ ဒီပုံတွေကတော့ ပန်းချီစာအုပ်ထဲက သူများ Tone ခွဲထားပြီးသား ပုံလေးတွေ ကြည့်ပြီး လေ့ကျင့်ထားတဲ့ပုံတွေပါ..။ စစဆွဲခြင်းမှာတုန်းကတော့ ပုံတွေက Tone မပြည့်ဖူး။ မှုန်မှုန်လေးပါပဲ။ အနည်းဆုံးတော့ ၂ ToneTone လောက်တော့ ရှိသင့်တယ်။ ဒါကလည်း ဆရာပြောပြချက်ပါ။ ဆရာက ပြောလည်းပြော ပြင်လဲပြင် လိုက်ပါတယ်..။ ကိုယ်ဆွဲထားတဲ့ ပုံဆိုတော့ ကိုယ့်ဘာကိုယ်တော့ အပြစ်ကရှာလို့ မတွေ့ပါဖူး..။ လှနေတာပဲ။ ဒါပေမယ့် အခုလိုဆရာက အမှားတွေ ပြင်လိုက်တော့လည်း ပုံတွေက Tone ပြည့်ပြီးတော့ ရုပ်လုံးပိုပေါ်လာတယ်။

ဩော်…စကားမစပ်.. ဆရာမက ပန်းချီနဲ့ပတ်သတ်တဲ့ အခြေခံသဘောတရားလေးတွေ ပြည့်စုံပြီလို့ သတ်မှတ်လို့ နှစ်ကူးတို့ကို ဆရာနဲ့မိတ်ဆက်ပေးပါတယ်..။ စနေ၊ တနင်္ဂနွေ မှာတက်ရောက်ကျတဲ့ သင်တန်းသားတွေကို ဆရာက ပန်းချီနဲ့ပတ်သတ်တဲ့ အယူအဆတွေ ဆက်လက်သင်ပေးသွားမှာ ဖြစ်တဲ့အကြောင်းပြောပါတယ်။ ဆရာကိုမြင်တော့ တော်တော်လေး ကြောက်သွားခဲ့တယ်။ ဆရာပုံသဏ္ဍာန်က အရပ်ထောင်ထောင်မောင်းမောင်း ၊ မျက်နှာမှာ မုတ်ဆိတ်မွှေး ၊ နှုတ်ခမ်းမွှေးတွေ များနဲ့အတူ ဂုတ်ပေါ်မှာ ၀ဲကျနေသော အဖြူ အနက် ပေါင်းလျှက် ဆံပင်ကောက်ကောက် များနှင့်ဖြစ်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ အကြောင်းကို အပြင်ပုံပန်းသဏ္ဍာန်ကြည့်ပီး ဆုံးဖြတ်ချက်ချလို့မရနိုင်ဖူးဆိုတာ… သင်တန်းကာလ ကြာလာတာနဲ့အမျှ တဖြေးဖြေး သဘောပေါက်လာပါတယ်။ ပန်းချီအကြောင်းပြောနေလျှင် အချိန်နာရီတွေ မေ့နေတတ်သော၊ ကျောင်းသားတွေပေါ်မှာ စိတ်ရှည်သီးခံတတ်သော ဆရာကို လေးစားလာပါတယ်။ ဒါဟာ ဆရာရဲ့အကြောင်း တစ်စိတ်တစ်ဒေသ ဖြစ်ပါတယ်။

ဒီပုံနှစ်ပုံက ပုံကြမ်းကောက်ထားတဲ့ပုံ နဲ့ Tone ဖြည့်ပြီးသားပုံပါ...။





ဤနေရာတွင် ခဲပန်းချီအကြောင်း ခဏနားဦးမည်...။

နှစ်ကူး

2 comments:

Unknown said...

နှစ်ကူးရေ. ပြင်သစ်ပန်းချီ ချရာ တွေချို နှစ်ကူးရဲ့ချရာ လိုပဲ.. ဆံပင် ဖွာတာလန်ကျဲတွေပဲ.. ပေတေတေ ရှီတိုင် နဲ့.. ဒါမှ artist နဲ့တူတာလေ ..ဒွတ် ဒွတ်
အဟီးးး နှစ်ကူးရော artist ဆန်မှာလားဟင်.. :P:P:P
အပြင်ပန်းတော့ လှဝူးပေါ့.. ပန်းချီကတော့ ရှယ်ပြန်လှန် နေတာ.. ဟီးးး

MYO HAN HTUN said...

ပုံလေးတွေက ကောင်းပါတယ် ..

ကိုတိုး

ကျေးဇူးတင်ပါတယ်