Thursday, May 10, 2007

မှတ်သားလောက်ပါပေတယ်

သူ့နံမည် ဒေါ်ပြား နာမည်တစ်လုံးနဲ့နေတဲ့သူ သူ့ဘ၀မှာ သူနားလည်ထားတာက သူအသက်ရှင်နေသရွေ့ ငွေရှိဖို့၊ ရွှေရှိဖို့က အဓိက။ ရွှေနဲ့ငွေသာရမယ်ဆိုရင် ဒေါ်ပြားတို့က ဘာပဲလုပ်ရလုပ်ရ လုပ်ရဲတယ်..။ အသက်ပင်သေသေ ဆိုတာမျိုး။
ဒေါ်ပြားဘ၀မှာ “ ပေး ” ဆိုတာမရှိဘူး။ အယူချည်းပဲလေ။ ဒါကြောင့် ပေးဆပ်မှုတွေနဲ့မကင်းတဲ့ လင်ယူ/သားမွေးလုပ်ငန်းတောင်မစဉ်းစားဘဲ အပျိုကြီးလုပ်နေတာ။ ယူမယ်ဆိုရင် အုတ်၊ ခဲ၊ သလဲ ကအစ ရွှေ ငွေ အဆုံးယူတယ်။ ဒါကြောင့်လဲ ရပ်ကွက်ထဲမှာ အပေးကမ်းနည်းသူ၊ တွန့်တိုသူ၊ လောဘကြီးသူ ကိုတွေ့ရင် ဒေါ်ပြားနဲ့ နှိုင်းပြီး “ ဒေါ်ပြားနဲ့ အမျိုးတော်တယ်လေ……။” ဟု ပြောစမှတ်တွင်တယ်။
ဒီလိုနဲ့ တစ်နေ့တော့ ဒေါ်ပြားတစ်ယောက် ငါးကန်ထဲမှာ ကန်စွန်းရွက်ခူးနေရင်း ရေနစ်ပါလေရော။ ဒေါ်ပြားကရေမကူးတတ်ဘူးလေ။
" ကယ်ကြပါအုံးတော့ " လို့တစ်ချက်သာကျယ်ကျယ်အော်နိုင်ပြီး ရေကန်ထဲမှာ မြုပ်လိုက်ပေါ်လိုက် ဖြစ်နေတယ်။ မြင်တဲ့သူတွေက ကန်ဘောင်ရိုးပေါ်ကနေ သူ့ထက်ငါအော်ပြီး ……
" ဒေါ်ပြား…. ပေး…ပေး… လက်ပေး..လက်ပေး… "
လို့ပြောကြပြီး ဒေါ်ပြားရှိရာကို ၀ါးလုံးနဲ့ထိုးပြီး ကမ်းပေမဲ့ ဒေါ်ပြားက လက်မပေးဘူး…။ ဒီတော့မှ လူငယ်တစ်ယောက်က ပြေးလာပြီး -

" ဒေါ်ပြားကို ပေး လို့ပြောလို့မရဘူးဗျ… ။ကျွန်တော့ကိုသာ ၀ါးလုံးပေး…. " လို့ဆိုပြီး..။

" ဒေါ်ပြား.. ယူလိုက်… ယူလိုက်… ၀ါးလုံးလေးကို ယူလိုက်… ရော့ … ရော့… ။ "

ဒီလိုကျယ်ကျယ်အော်ပြီးတော့ ၀ါးလုံးကိုထိုးပေးလိုက်မှ ဒေါ်ပြားက ၀ါးလုံးကို လှမ်းဆွဲလိုက်သကိုး….။ နို့မို့ဆိုရင် အသေပဲ ..။ ဒေါ်ပြားတို့က အဲလို…အဲလို... မှတ်သားလောက်ပါပေတယ်

P.S ဘာ Post တင်ရမလဲစဉ်းစားနေတာ။ မဂ္ဂဇင်းစာအုပ်တစ်အုပ်ထဲမှာပါတဲ့ ဒီဟာသလေးကို သဘောကျလို့။ အားလုံးကို ပြန်မျှပေးလိုက်တယ်... ။ ဖတ်ပြီးတဲ့ သူတွေလည်း .. ပြန်ရယ်ကြပေါ့.. ရယ်သောသူ အသက်ရှည်၏...တဲ့..။ ဒေါ်ပြားလိုလူနဲ့တွေ့ရင်လဲ စိတ်ဆိုးဆိုးနဲ့ ပစ်မထားနဲ့အုံးနော်... အဟ..ဟ..ဟ



4 comments:

(တေးမွန်) said...

နှစ်ကူးရေ...နင်ကောဒေါ်ပြားနဲ့ အမျိုးတော်တယ်လား...
ယူ ဆိုရင် ..ဟဲ..ဟဲ..တောင်ယူ မှာမလားး


တေးမွန်

(တေးမွန်) said...

နှစ်ကူးရေ...နင်ကောဒေါ်ပြားနဲ့ အမျိုးတော်တယ်လား...

Unknown said...

>>ပေးဆပ်မှုတွေနဲ့မကင်းတဲ့ လင်ယူ/သားမွေးလုပ်ငန်းတောင်မစဉ်းစားဘဲ အပျိုကြီးလုပ်နေတာ..>>

ရီရတယ်..ဟီး.. :P

နှစ်ကူး said...

ah mei များများရီနော်.. ရီသောသူအသက်ရှည်၏တဲ့ ah mei ရော အပျိုကြီးလုပ်ဖို့စိတ်ကူးချိလား.. ?? ဟိ..ဟိ..

အွန်...တေးမွန်မ .. လုပ်ပြန်ပီ ဟဲ..ဟဲ..ကဘာကြီးဒုံး

ကျေးဇူးတင်ပါတယ်