Monday, May 28, 2007

ခဲပန်းချီအကြောင်း အပိုင်း ( ၄ )

ပြီးခဲ့တဲ့ တစ်ပတ် စနေ၊ တနင်္ဂနွေနေ့ ကတည်းက တင်မယ့် post က မတင်ဖြစ်သေးဘဲ အခုမှပဲတင်ဖြစ်တယ်…။ ဟိုအကြောင်းအရာလေးလဲ တင်ချင်…၊ ဒီအကြောင်းအရာလေးလဲ တင်ချင်.. နဲ့ ဟို post လဲ တန်းလန်း ဒီ post ကလဲ တန်းလန်း..ဖြစ်ဒါနဲ့ပဲ တော်ပြီ… မဖြစ်ချေဘူး.. တစ်ခုပြီးမှ တစ်ခုလုပ်တာကောင်းပါတယ် ဆိုပြီး စိတ်ကို ဒုန်းဒုန်းချလိုက်တာ်..။ နောက်ပြီး တချို့မြန်မာစာလုံးတွေကိုလည်း ကောင်းကောင်းဖတ်လို့ မရကြဘူးဆိုလို့လဲ အကြံပေးတဲ့ Link လေးတွေဝင်ကြည့်ပြီး တတ်သလောက် မှတ်သလောက် လုပ်ကြည့်နေတာ..။ မလုပ်တတ်တော့ အဆင်မပြေသေးဘူး ဖြစ်နေတယ်..။ မကြာခင်တော့ ရပါလိမ့်မယ်လို့ ထင်ကောင်းပါရဲ့…။ ကြိုးစားကြည့်နေပါတယ်..။ ခဏတော့ သီးခံပေးကြပါအုံးလို့။…

အခုတင်ထားတဲ့ post မှာပါတဲ့ ပုံလေးတွေက Stroke ကိုအဓိကထားပြီး လေ့ကျင့်ခဲ့ရတဲ့ ပုံလေးပါ။ ဒီလိုလေး လေ့ကျင့်လိုက်ရတော့ Stroke အကြောင်းကို အရင်ကထက်စာရင် နည်းနည်းလေးတော့ ပိုသိလာခဲ့တယ်။ ၀ါရင့် ပန်းချီဆရာကြီးများဟာ Stroke ကိုပိုင်နိုင်ကြတယ်။ Stroke ကိုပိုင်ပိုင်နိုင်နိုင် ဆွဲနိုင်ရင် Texture အလိုလိုကောင်းသွားတယ်..။ Texture ဆိုတာကတော့ ပစ္စည်းရဲ့ အရသာပေါ့ ( ဥပမာ ဆိုကြပါစို့ …. မှန်ကိုဆွဲရင် မှန်ရဲ့သဏ္ဍာန်၊ သံကိုဆွဲရင် သံရဲ့သဏ္ဍာန်၊ ရေကိုဆွဲရင် ရေရဲ့သဏ္ဍာန် ပေါ်လာတယ်..။ ) ပျော့တဲ့ အရာဝတ္ထုကို ဆွဲလိုက်ရင် ပျော့တယ်လို့ ခံစားမိနိုင်သလိုပဲ၊ မာကြောတဲ့ အရာဝတ္ထုကို ဆွဲရင် မာတဲ့ အရသာကို ခံစားမိနိုင်ရမယ်…။ ဒါဟာ Stroke ရဲ့သဘောပဲ။ အခုတင်ထားတဲ့ ပုံလေးတွေကို ဆွဲတဲ့နေ့ကပဲ Teacher က ကျောင်းသားတစ်ယောက် ဆွဲထားတဲ့ ကိုယ်တစ်ပိုင်း ပန်းပုပုံ ကိုကြည့်ဆွဲထားတဲ့ လေးထုတ်ပြတယ်..။ ကျောင်းသားဆိုပေမယ့် အသက် ၄၀ ကျော်ဝန်းကျင် ရှိနေပြီဖြစ်တဲ့ ကျောင်းသားတစ်ယောက်ကြီး ဖြစ်ပါတယ်။ အဲဒီပုံလေးက အပြင်က ပုံတူနဲ့ အရမ်းကို နီးစပ်ပြီး တော်တော်လေးတူပါတယ်။ Teacher ကလည်း မှတ်ချက်ချပါတယ်။ သူဟာ ဘယ်လိုပုံမျိုးကို မဆိုကောင်းကောင်း ဆွဲနိုင်ပါတယ်။ တစ်ခုပဲ ပြင်ဖို့တော့လိုတယ်။ ဘာလဲဆိုတော့ Stroke ပဲတဲ့။ Stroke အားမကောင်းသေးဘူးတဲ့။ ဆွဲထားတဲ့ ပုံမှာ Stroke တွေက မာကြောနေတယ်။ ပန်းပုပုံ မှာရှိတဲ့ မျက်နှာရဲ့ ပျော့ပြောင်းမှု တွေမရှိဘူး။ အဲဒါလေးကို ကြည့်မိလိုက်တော့မှ ခပ်ရေးရေး သဘောပေါက်သွားတယ်။ ( များကြီးသိသေးဖူး….. :P ) သဘောကတော့ Stroke တွေက ကြမ်းနေတော့ သာမန်ဆွဲထားတဲ့ ပုံတစ်ပုံဆိုတာထက် ဘာမှပိုထူးခြားမနေဘူး။ Stroke ကိုဆွဲတဲ့ အခါမှာလည်း အစ၊ အဆုံး ညီညီညာညာလေးဆွဲ သင့်တယ်။ ထိပ်နားမှာ စိပ်နေပြီး အဖျားနားရောက်ရော ကျဲကျဲကြီးဖြစ်သွားတာမျိုးဆိုရင် Stroke တွေက ထိပ်ပိုင်းစုနေပြီး နောက်ပိုင်းကားကားကြီး ဖြစ်သွားတတ်တယ်။ အဲဒါမျိုးကို ရှောင်သင့်တယ်။ ပြီးတော့လည်း တစ်ကြောင်းနဲ့ တစ်ကြောင်းထပ် မနေစေရဘူး။ အစ အဆုံး တစ်ကြောင်းထဲပဲ။ ( ဒါမျိုးတွေဖြစ်တာ ကိုယ်တွေ့မို့ပါ ) ဒါမှပဲ ပုံလေးက သပ်ရပ်လှပပြီး ရုပ်လုံးကြွသွားမယ်။ နောက်ပြီး ပုံရဲ့ သဏ္ဍာန်လေးလည်း ပေါ်လာတော့မှာပေါ့။

ဟောဒီပုံလေးတွေက အပြင်ကပုံ ကို Direct ကြည့်ဆွဲထားတာ မှုတ်သေးဖူး… :D ။ ဆွဲပြီးသား Original စာအုပ်ကို ကြည့်ပြီးလေ့ကျင့်ထားတာ..။ ဒါတောင်မှ အမှားတွေက အများကြီးပဲ။ ဒီပုံလေးတွေမှာ အဓိကပေးချင်တာကတော့ အ၀ိုင်းပုံဆိုရင် ဘယ်လို Stroke ဆွဲသင့်တယ် ၊ လေးထောင့်ဆိုရင် ဘယ်လို Stroke မျိုးဆွဲသင့်တယ် ဆိုတာတွေပါပဲ။ များများလေ့ကျင့်တော့ ပိုကောင်းတာပေါ့။


စာကြွင်း။ ကျွန်တော်ဟာ ပန်းချီပညာရှင် တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပန်းချီကို စိတ်ဝင်စားပြီး ၀ါသနာပါတဲ့ ၀ါသနာရှင် အဆင့်ပဲရှိပါတယ်။ သင်တန်းမှာ သင်လာခဲ့ရတဲ့ ပညာရပ်တစ်ခုကို အခြားသူတွေကိုလည်း ပြန်မျှပေးချင်လို့ပါ။ ဒီ Blog လေးကို ဖတ်မိပြီး ပန်းချီကို စိတ်မ၀င်စားသေးသူများ စိတ်ဝင်စားလာအောင် ၊ စိတ်ဝင်စားသူများ၊ တတ်ကျွမ်းနားလည် သူများဆီမှလည်း ဆွေးနွေးအကြံပြုချက်များကိုလည်း နာယူနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်လေးလဲပါတာပေါ့။ ( အရမ်းသိ.. အရမ်းတတ် နေပါ့လား လို့တော့ ထင်ကြနဲ့ ... နှော့် … ) အချိန်ပေးပြီး ဖတ်ပေးတဲ့ အတွက် အားလုံး..အားလုံးကို ကျေးဇူးတင်ပါတယ်

5 comments:

Yan said...

နှစ်ကူးရေ. ပန်းချီအကြောင်းလေးတွေ ဆက်ရေးပေးပါဗျာ. ကျွန်တော် အရမ်းစိတ်ဝင်စားတယ်. သင်ဖို့ အခွင့်မသာခဲ့ဘူး. နှစ်ကူးဆီကပဲ ပြန်သင်ပါရစေနော်..

ကျေးဇူးပါ.

သန့်ဇော်မင်း said...

ချာမ..တားတားလည်း..တေတေချာချာ..ဖတ်တယ်နော်..
ဆွဲတော့ဆွဲတတ်ဝူး... :D ,
ပါရမီနဲ့ ဝေးနေတယ်.. ( ဒလ မှာ နေလို့ ).. ကားနဲ့တွားရင် ၁း၃၀ လောက်ကြာတယ်.. :P

tzm

(တေးမွန်) said...

မမနှစ်တူးရေး.. တောင်းတယ်.. ဆက်စွဲ တိလား.
မမနှစ်တူးမှာ ဇ(ကွဲ) ရှိ တယ်။စ် (ဇၿမင္ရင္လိုက္စြဲတာ)ေတာ့ ရိွမရိွမ တိ၀ူး။
:P
တေးမွန်

Unknown said...

နှစ်ကူးလေးကို ရှစ်ယွားပီ...ပန်းချီဆွဲနေတဲ့ ပုံကိုမြင်ယောင်ပီ...အဟီး..
နှစ်ကူးလေးတွ..

နှစ်ကူး said...

ကိုရန်အောင်- နှစ်ကူးသင်ရသမျှ ၊ သိသမျှ ဆက်ရေးနေမှာပါ။ မကြာမကြာ လည်လည်လာနော်။ မုန့်မုန့်ကျွေးမယ်၊ ကော်ကော်တိုက်မယ်။ :P
snowwolf - ဒလမှာ နေလို့ ပါရမီနဲ့ဝေးရင် ကားနဲ့မတွားနတ် ပုဇဉ်းရင်ကွဲ စီးပြီးတွား။ လမ်းမှာ ဘာ Point မှ ချိဖူး။ လိုရာခရီး ညန်ညန်ရောက်ဒယ် လို့ကြားဖူးဒယ်။ :P
ah mei - နှစ်ကူး ပုံတူကောင်းကောင်းဆွဲတတ်ရင် ah mei ပုံတူကိုဆွဲပေးမယ်..နော် :P
ah nai - နှစ်ကူးမှာ ဇကွဲတော့ ကျန်ဒေါ့ဖူး။ ဖွဲတွေပဲ ကျန်ဒေါ့ဒယ်။ ကျန်တာပဲ ယူတွားလိုက်တော့ကွယ်

ကျေးဇူးတင်ပါတယ်