Monday, May 7, 2007

ခဲပန်းချီအကြောင်း အပိုင်း ( ၂ )

မနေ့က သင်လာခဲ့ရတာတွေ ဒီနေ့မှ Post တင်ဖြစ်တယ်။ ဘယ်ကနေစရေးရမယ် ဆိုတာ အတော်ကိုစဉ်းစားယူရတယ်… ( ဥာဏ်ကြီးရှင်လေ )။ အခုတောင်ဒီလောက်မေ့နေမှတော့ နောင်ကျရင် ကိုယ်တင်ထားတဲ့ Post လေးတွေပြန်ဖတ်ပြီး မှတ်မိနိုင်တယ်…ကဲ…ကဲ… လေမပေါတော့ဘူး …. စပြီ..

စနေနေ့ ကသင်ပြီးတဲ့ သင်ခန်းစာလေးတွေ Line , Form , Tone ဆိုတာလေးတွေကို ပြန်နွှေးပြီးတော့ Tone ထဲမှာပါတဲ့ Stroke နဲ့ Texture ကိုပြည့်ပြည့်စုံစုံ ထက်ရှင်းပြတယ။် သူတို့ရဲ့အရေးပါပုံတွေပြောပြတယ် (အလင်းအမှောင်၊ အနိမ့် အမြင့်၊ အနီး အဝေး၊ အဖိ အဖော့ စသည်ဖြင့်ပေါ့ )...။

Tone တွေဆွဲတဲ့ အခါမှာ ပုံစံတူ Tone နှစ်ခု ကိုကပ်လျှက် မဖြည့်ရဘူး။ ကျားကွက်ပုံသဏ္ဍာန်ဖြည့်ရတယ်…။ Stroke က ပုံရဲ့ Direction ကိုအားဖြည့်ပြီးတော့ Texture ကတော့ ပုံရဲ့ ရုပ်လုံးကြွမှုကို အသက်ဝင်လာစေတယ်။


- ပုံစံတူ ပုံနှစ်ပုံကို Tone ခွဲထားတဲ့ ပုံ မြင်ရတဲ့ အမြင်ခြင်းလည်း ကွဲသွားတယ်... ပထမနေ့ကပြောတဲ့ Interest , Exciting , Emotion ဆိုတဲ့အချက် ၃ ချက်ထဲက တစ်ချက်နဲ့ ကိုက်ညီသွားပြီ...



- ဒီပုံက ကိုယ်ဘာကိုယ် ခွဲထားတာ… Tone 1 to 5 ကိုစိတ်ကြိုက် သုံးထားတာ (ဟီးးးဟီးးး… Teacher က လှဒယ်တဲ့)




- ဥပမာပေါ့..ညာဘက်က ပုံဆိုရင် Stroke တွေက ပုံကိုအားဖြည့်ပေးထားတာ ၊ နောက်ပြီး Texture တွေကြောင့် တိမ်တွေရဲ့ လှုပ်ရှားမှုကို ရုပ်လုံးကြွပြီး ပိုအသက်ဝင်စေတယ်….။

- ဒီအပေါ်ကပုံဆိုရင် အနီးအဝေး၊ အလင်းအမှောင် ကိုပြတယ်..။ အဝေးဆုံးက ( Tone ) အရောင်ကို “Zero” ထားလိုက်ပြီး အနီးဆုံးကို ၅ ထားလိုက်တယ်…( အလင်း အမှောင် Tone ကို အရင် post မှာတင်ထားတယ်။ သုည က နေ ၅ ထိပြထားပေမယ့် ရှာဖွေလေ တွေ့ရှိလေပါပဲတဲ့ ) ပထမပုံက Teacher ခြယ်ထားတာ….။ ဒုတိယပုံက ကိုယ့်ဘာကိုယ် ခြယ်ထားတာ။

အဲဒီနောက် ကားဖွဲ့စည်းပုံ ( Composition ) ဆိုတာကိုဆက်တယ်… ပြီးတော့ မော်ဒန်ပန်းချီလို့ခေါ်တဲ့ ပုံတွေ ၊ Landscape ပုံတွေ ၊ ဆွဲပြီးတော့ Stroke နဲ့ Texture ကိုဖြည့်ရတယ်…

စကားချပ် ( ဒီနေ့တော့ Teacher ကချီးကျူးတယ်…။ ပူပူလောင်လောင် ချွေးတစ်ရွှဲရွှဲနဲ့ ၄ နာရီလုံးလုံး ထိုင်ရာကမထ ပုံတွေဆွဲပြီး ဇက်တွေညောင်း၊ မျက်လုံးတွေလေး နေတဲ့ကြားက အဲလိုချီးကျူးသံလေးများ ကြားရပြန်တော့လဲ အားတက်သွားရော။ Teacher ကတစ်ယောက်ချင်းစီကို လိုက်သင်ပြတယ်… လိုအပ်ချက်တွေပြောပြတယ်… စကားပြောရင်လဲ ပြုံးပြုံး ပြုံးပြုံး နဲ့ အရမ်းကိုသဘောကောင်းတယ်… သင်တန်းမှာ အများစုက ကလေးတွေချည်းပဲ… အဲဒီမှာ ကလေးဗိုလ်သွားလုပ်တာ )



- ဒီပုံမှာ Subject က Sunflower နေကြာပန်းခင်းကြီးပဲ…








- ဟောဒီပုံလေးမှာ Balance ကိုပြထားတယ် ဒေါင်လိုက်ပုံမှာ Horizontal Line လို့ ခေါ်တဲ့ မြေကြီးမျဉ်း ကိုထပ်ဖြည့်ထားပြီး ၊ Landscape ပုံမှာ Vertical Line တွေ အချိုးညီညီ ထပ်ဖြည့်ပေးလိုက်တော့ Balance မျှသွားတာပေါ့

ဒါကတော့ ကိုယ့်ဘာကိုယ်ဆွဲထားတာ... çဲ .... çဲ ... çဲ

ကဲဒီနေ့တော့ ဒီလောက်ပဲ…။ စနေ၊ တနင်္ဂနွေ သင်တန်းလေး ဒီတစ်ပတ်တော့… ပြီးသွားပြီ… နောက်တစ်ပတ်.. ဒီနေရာ .. ဒီ blog လေးမှာ ပြန်ဆုံကြမယ်နှော့်…. အဟ…ဟ…ဟ…

ခုလိုအပြီးထိ သီးခံပြီး ဖတ်ပေးတဲ့အတွက်ကျေးဇူးကမ္ဘာဆိုင်…

3 comments:

Unknown said...

ချာမကြီး နှစ်ကူး ခုလို ချိတ်ချေလက်ချေ နဲ့ စေတနာပါပါ သင်ပေးတဲ့အတွက် စေတနာအကျိုး ရောင်ပြန်ဟပ်လို့ ပန်းချီပါရမီလေး ဒီ့ထက်ပိုလို့ တိုးတက်ပါစေကွယ်..:)

(တေးမွန်) said...

နှစ်ကူး..မြှေက်ပေးရင် ကွေးအောင်ကတက်တယ်ဆို ပေမယ့် ..
နင်က တာ တော်တော်လှတာပဲ..
နင့်  Blog လေးက ဒီအကြောင်းနဲ့ တင် ၀င်ဖက်ဖို့  ကောင်းနေပြီ။
နင် ဆွဲတဲ့  ပုံတွေလည်း creative and sense ရှိတယ်။
(ဟဲ..ဟဲ..ချရာရုပ်တာမဟုတ်ပါဝူး :D)
ငါသေသေချာချာ ဖက် ပါတယ်။ နှစ်ကူး...ချကွ..
:)

tay mon

နှစ်ကူး said...

ah mei နဲ့ တေးမွန် နင်တို့ကလည်း.. နာကို အဲလို ဆုတွေတောင်းပေး ၊ ချီးကျူးချရာမချိ ကြံဖန်ချီးကျူးလုပ်ကြ တော့... နာနင်တို့နားကို ကပ်တော့ဖူးးးး.... ချက်ရို့.... ဟိ..ဟိ..
P.S တေးမွန်မနော်... နင်ရေးထားတာ သက်ပုံမှားနေဒယ်... " တ " သက် နဲ့ " က " သက် မှားနေဒယ်... ဒါဘဲ b-( ... [-(

ကျေးဇူးတင်ပါတယ်