Friday, May 18, 2007

ကလေးပန်းချီပြပွဲ သို့တစ်ခါတစ်ခေါက် အလည်ရောက်

ကလေးပန်းချီပြပွဲ ဖွင့်ပွဲနေ့ကို လာခဲ့ဖို့ Teacher ကဖိတ်လို့ အရောက်သွားခဲ့ပါတယ်။ ပြပွဲက ၇၈ လမ်းပေါ်မှ သင်တန်းတည်ရှိရာ နေရာမှာဖြစ်ပါတယ်။ မနက်ကတည်းက သွားဖို့ဟန်တပြင်ပြင် လုပ်နေပေမယ့်လည်း ညနေ ၄ နာရီ လောက်မှရောက်သွားဖြစ်တယ်။ ရောက်တော့ Teacher ကအပြုံးလေးနဲ့ကြိုပြီး “ အေးအေးဆေးဆေး ကြည့်နော် ” ဆိုပြီး ပြောတယ်။ ဒါနဲ့ပဲ ဟိုကြည့်ဒီကြည့် နဲ့ မျက်လုံးစင်္ကြာဖြန့် လိုက်တော့တာပေါ့။ ကလေးလေးတွေရဲ့ အားထုတ်ထားတာလေးတွေကို တွေ့ရတော့… သူတို့လေးတွေ သင်တန်းချိန်မှာ တုန်းကတည်းက အပတ်တကုတ်နဲ့ ကြိုးစားရေးဆွဲနေကြတာကို မြင်ရောင်လာတယ်။ တချို့ကားတွေမှာ ဆွဲထားတဲ့ ကိုယ်မရေးတတ်တဲ့ ရေးပုံလေးတွေကိုလည်း မှတ်သားလာခဲ့တယ်။ အပေါ်ထပ်မှာ လည်းပဲ ပန်းချီကားတွေ ခင်းကျင်းပြထားတယ်။ အဲဒီမှာ ဆရာတစ်ယောက်က သူ့တပည့်လေးတွေကို ပန်းချီကားတစ်ကားခြင်းစီရဲ့ အားသာချက်၊ ထူးခြားချက်၊ ရေးပုံ၊ ရေးဟန်၊ စိတ်ကူးစိတ်သန်းလေးတွေနဲ့ သူတို့ပြောပြချင်တဲ့ အကြောင်းအရာလေးတွေက ဘာလဲဆိုတာတွေကို ရှင်းပြနေတာတွေ့တယ်။ အရောင်အသွေး စုံစုံညီညီ ကိုယ်ပိုင် စိတ်ကူးလေးတွေနဲ့ လွပ်လပ်စွာ ရေးခြယ်ထားတဲ့ ကလေးတွေရဲ့ ဥာဏ်ရည်လေးတွေကလည်း မခေပါဘူးနော်…။ ကလေးအရွယ်မှာတည်းက အခုလို သင်ကြားခွင့်ရတာ မိဘတွေရဲ့ အမြင်ပြောင်းလဲလာမှုကြောင့် ဆိုရင်လည်း မမှားပါဘူး။ ကလေးငယ်လေးတွေဟာ အခုလို ကိုယ့်ပတ်ဝန်းကျင်မှာ မြင်တွေ့နေကြအရာတွေကို ပန်းချီအဖြစ်နဲ့ ကိုယ့်ရဲ့စိတ်ကူး၊ အတွေး နဲ့ အမြင်လေးတွေကို ဖော်ထုတ်ပြခွင့်ရတယ်။ ကိုယ့်ရဲ့ခံစားချက်ကိုလည်းပဲ ပန်းချီကားအဖြစ် ဖောက်ခွဲပစ်နိုင်တယ်..။ အခြားကလေးတွေထက် ဥာဏ်ရည်ပိုင်းမှာ ပိုသွက်လက်ပြီး ထူးခြားတဲ့ အမြင်လည်းရှိကြတယ်။ စိတ်တည်ငြိမ်မှုလည်းရမယ်။ အများနဲ့မတူတဲ့ အမြင်၊ အတွေးမျိုးလဲ ရှိတဲ့အတွက် ပန်းချီအမြင်ရှိတဲ့ ကလေးတွေဟာ လုပ်ငန်းခွင်ရောက်သွားရင်လည်း တဘက်တလမ်းက အကျိုးပြုနိုင်ပါတယ်။ အရမ်းကို လေရှည်သွားပီလားသိဖူးနော်… ကဲ..ကဲ.. ပန်းချီကားလေးတွေကို အတူတူလိုက်ခံစားကြည့်ရအောင်…

အဲဒီပန်းချီပြပွဲမှာ သဘောကျခဲ့တဲ့ ပန်းချီကားလေး တွေကိုတွေ့တော့ … blog မှာတင်လိုက်အုံးမယ်ဆိုတဲ့ စိတ်ကူးလဲ ပေါ်လာခဲ့တယ်..။ ဒါနဲ့ပဲ တာဝန်ရှိ ဆရာမကို ခွင့်တောင်းပြီး ဓါတ်ပုံရိုက်ယူလာခဲ့တယ်..။ ဆရာမကြီးက ကလေးတွေရဲ့ Biography လေးတွေပါ စိတ်ရှည်လက်ရှည်ရှင်းပြပေးခဲ့တော့ အနော်တို့တော့ သဘောတွေ့ မနောခွေ့ပေါ့… ဟာ..ဟ.. ။


My yard လို့ အမည်ပေးထားတဲ့ ဖရောင်းနဲ့ဆွဲထားတဲ့ ပန်းချီကားလေးကို သဘောကျတယ်။ ဆွဲထားတဲ့ ပညာရှင်လေးကတော့ အသက်က ၁၂ နှစ် VII ကျောင်းသားလေး “ Zaw Phone Pyi ” တဲ့ သူ့ရဲ့အိမ်လေးကို ကြည့်ပြီး outdoor ဆွဲထားတာ။ ကလေးပေမယ့် သစ်ပင်ပုံဆွဲထားတာ သပ်သပ်ရပ်ရပ်လေး။ ပြီးစလွယ်လုပ်မထားဖူး။ အရမ်းသဘောကျတယ်..။



နောက်တစ်ပုံကတော “ ပန်းတစ်ပွင့် ” လို့ အမည်ပေးထားတယ်။ သူလေးက အသက် ၁၁ နှစ် ပဲရှိသေးတဲ့ VI ကျောင်းသူလေး “ သီရိမိုးသက် ” တဲ့။ ကျောက်ဆည်ကနေ မန္တလေးထိ လာတက်ရတာ။ ၀ါသနာကြီးသူလေးနော်…။ နံမည်လေးကလှသလို ဆွဲထားတဲ့ ပုံလေးကလည်း ကဗျာဆန်ဆန်ပဲ။ ပန်းလေးတစ်ပွင့်ကို ရိုးရိုးလေးနဲ့ နွဲ့နွဲ့နှောင်းနှောင်းလေး ဆွဲထားပြီး အရောင်မှာ လက်စွမ်းပြထားတာ။ မထူးခြားပါဖူးလို့ ထင်ကောင်းထင်နိုင်ပေမယ့် ကလေးတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းလေး ကိုတော့ချီးကျူးသင့်တယ်။ ဘာပဲပြောပြော သီရိမိုးသက်လေးရေ.. ဆက်ကြိုးစားထား…။

ဒီပုံလေးက Flower Road လို့ အမည်ပေးထားတဲ့ သင်္ကြန်ရေပတ်တဲ့ မြင်ကွင်းလေးကို ပြန်လည်သရုပ်ဖော်ထားတာ။ ယခင်မြင်ကွင်းကို ကြည့်ရှုမှတ်သားဖူးပြီး ပြန်ရေးပြထားတာကို ( impression ) ရေးနည်းတဲ့။ ရေးဆွဲတဲ့သူကတော့ အသက် ၁၁ နှစ် အရွယ် VI ကျောင်းသားလေး “ အောင်စစ်ပိုင် ”... ဘာရယ်မဟုတ်ပါဘူး သူ့ရဲ့ဖွဲ့စည်းထားပုံလေးကို သဘောကျမိလို့ပါ။




ဒီပုံလေးလဲ ရုတ်တရက်ကြည့်ရင် ဘာကိုပြတာပါလိမ့်လို့ ဖြစ်ပေမယ့် … အသေအချာ ကြည့်လိုက်တော့ ခြံဝင်းအပြင်ကနေ အိမ်ကလေးကို ချောင်းကြည့်နေသလား၊ လှမ်းကြည့်နေသလားပဲ။ ဒီကလေးလေး idea မဆိုးဖူးနော်…။ ဆွဲတဲ့သူက ဘယ်သူလဲတော့ မသိခဲ့ဘူး။




ဒီ “ Candle ” လို့ အမည်ပေးထားတဲ့ ပုံလေးက ဂီတအခြေခံရှိတဲ့ အသက် ၁၁ နှစ် VI တန်းကျောင်းသားလေး “ အာကာစိုးမိုး ” ရဲ့ စိတ်ကူးပန်းချီလေးပါ။ Teacher ကပြောတယ်.. သူဆွဲတဲ့ ပုံလေးတွေမှာ wave ရဲ့သဘောတရားလေး တွေပါတတ်တယ်တဲ့။ ဒါလေးလည်း မဆိုးဖူးနော်..။





ဒီကားလေးကို “ Step ” လို့ အမည်ပေးထားတယ်။ ဆွဲတဲ့သူလေးက မိန်းကလေး ..။ သူလေးက Catwalk တွေလျှောက်ဖူးတဲ့ Model လေးတဲ့။ အခုသူဆွဲထားတဲ့ ပုံလေးကလည်း စင်မြင့်ပေါ်တက်ခါနီး လှေကားထှစ်လေးတွေကို ဆွဲထားတာ။






ဒီပုံကိုသေချာကြည့်ရင်းနဲ့ တကယ်ကို ပူလောင်လာသလို အရသာကို ခံစားရတယ်။ တော်လိုက်တဲ့ ပန်းချီဆရာလေး…။ ကိုယ်ကလွဲရင် အားလုံးတော်ကြတယ်နော်…။









ပြပွဲကိုလာအားပေးတဲ့ ပရိတ်သတ် ပုံလေးနဲ့ပဲ… နိဂုံးချုပ်လိုက်ပြီနော်…. အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ..။

မှတ်ချက်။ ။သြော်…. ဒီပြပွဲလေးက ၇၈ လမ်း ၊၂၇ ၊ ၂၈ ကြား ဘူတာကြီးအနီး ပံသုစန္ဒာပန်းချီသင်တန်း မှာ ၁၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပြသထားမှာ ဖြစ်ပါတယ်…။





4 comments:

Unknown said...

ဒီကလေးလေးတွေ ဆွဲထားတဲ့ပန်းချီကားလေးတွေက သူတို့ရဲ့ ရိုးရှင်းတဲ့ စိတ်ကူးစိတ်သန်းလေးတွေ ပေါ်လွင်နေတယ်နော်..:)
ဒါနဲ့ စကားမစပ်..ပရိတ်သတ်တွေလဲ..ပန်းချီကားကို စိတ်ဝင်တစားအားပေးကြတယ်နော် :P

ပေါက်ပေါက်ဆုပ် said...

နေပူနေတဲ့ပန်းချီကားလေးက တော်တော်လက်ရာမြောက်တယ်
အဲဒါလေးကိုကြိုက်တယ် ။ သူပေးချင်တဲ့ ရသလေးကိုလဲခံစားမိအောင်
ရေးနိုင်တယ် ။ အောက်ဆုံးကပုံက အသက်အ၀င်ဆုံးပဲ ။ နောက်တာ ဟီးဟီး

sisain said...

ပန်းကလေး၊ အိမ်၊ လှေကားထစ်လေးတွေ နဲ့ နေပူပူပုံတွေ သိပ်ကောင်းပါတယ်။
ဒီလိုပို့စ်မျိုးက အချိန်အများကြီးပေးပြီး တင်ရတာမို့ ကျေးဇူးပါခင်ဗျား။
ပန်းချီနဲ့ပတ်သက်တဲ့ အခြေခံလေးတွေကို တကူးတကတင်ပေးတဲ့အတွက် နောက်ထပ်တစ်ခါ ရှဲ့ရှဲ့။
(ပုံလေးတွေကို ကော်ပီသွားပါတယ်)-

နှစ်ကူး said...

အခုလို comment ပေးသွားတာလေးတွေ ဖတ်လိုက်ရတော့ အမောတွေကိုပြေသွားတာပဲ...။ အချိန်ပေးပြီးလာဖတ်ပေးတဲ့ အတွက်လဲ အရမ်းကျေးဇူးတင်တာပဲ...။ ဒီကလေးပန်းချီ လေးတွေနဲ့ပတ်သက်ပြီး information လေးတွေ နောက်ထပ်သွားယူလာခဲ့တယ်..။ အဲဒါကတော့ " နေပူပူ " ပုံလေးကိုဆွဲတဲ့ ပိုင်ရှင်လေးက ကသာမြို့က " မောင်ဟန်ထက်ဆွေ " နဲ့ " ပန်းတစ်ပွင့် " ဆိုတဲ့ ပုံလေးကို ဆွဲတဲ့ပိုင်ရှင်လေးကလည်း " May Lei " ဆိုတဲ့ မိန်းကလေးငယ်လေးတစ်ဦး ဖြစ်တယ်ဆိုတာပါ..။
ah mei >> ပန်းချီကားကိုအားပေးနေတဲ့ ပရိတ်သတ်တွေကို ice-cream နဲ့ ဧည့်ခံမယ်တဲ့ .... လာလည်ဖို့ စိတ်ကူးနေပီ .. ဟုတ် ???
ပေါက်ပေါက်ဆုပ် >> ဟုတ်တယ် ပေါက်ပေါက်ဆုပ်ရဲ့.. အဲဒီ အောက်ဆုံးကပုံက အသက်ဝင်ဆုံးပဲ.. အဲဒါ .. နှစ်ကူးကိုယ်တိုင် ဆွဲထားတာလေ။... ဟိ...ဟိ.. အရမ်းကိုအသက်ဝင်တာပဲနော်... :P
sisain >> ကို sisain လာလည်တဲ့ အတွက် ကျေးဇူးပါ...။ ပုံလေးတွေကို ကော်ပီသွားလို့လဲ ရပါတယ်..။ နှစ်သက်ကြတယ်ဆိုတော့ ... အရမ်းပျော်တာပဲ...။

ကျေးဇူးတင်ပါတယ်