ရောက်ရောက်ချင်းပဲ Line, Form, Tone ဆိုတဲ့အခြေခံတွေ သင်ခန်းစာတွေ စသင်တယ်... ပုံမှာပြထားတဲ့ အတိုင်းပဲ .. အခြေခံအားဖြင့် မျဉ်းမာ ( Line ) နဲ့ မျဉ်းပျော့ ( Curve ) ဆိုပြီးရှိတယ်… (ရုပ်၊နာမ်) ပေါ့ ။ အဲဒီမှာ ၁၈၀ံ မျဉ်းလဲ တစ်ကြောင်း ( မြေကြီးမျဉ်း ၊ Horizontal Line ) ၊ ၉၀ံမျဉ်းမတ် တစ်ကြောင်း (ထောင်မျဉ်း )နဲ့ ယိုင်မျဉ်း ဆိုပြီးတော့ မျဉ်းမာ ၃ မျိုးရှိတယ်။ ဘဲဥပုံ ၊ စက်ဝိုင်းပုံ ၊ အခုံး ၊ အခွက် ၊ လှိုင်းပုံ နဲ့ ခရုပတ်ပုံ စသည်ဖြင့် မျဉ်းပျော့ ကအများကြီး ရှိနိုင်သေးတယ်…။
ပထမဆုံးနေ့ဆိုတော့ အရမ်းကိုတက်တက်ကြွကြွပဲ…။ သင်သမျှအရာအားလုံးက စိတ်ဝင်စားစရာတွေဖြစ်နေတာပေါ့။ မျဉ်းကြောင်းလေးတွေစဆွဲကြည့်ရမယ်လို့ပြောတော့ ဒါလေးများ လွယ်လွယ်လေး ဆိုပြီးဆွဲလိုက်တာ ကောက်ကောက်ကွေးကွေးတွေ ထွက်လာတယ်။ ( “လွယ်မယောင်နဲ့ခက် ၊ တိမ်မယောင်နဲ့နက်” ဆိုတာဒါပဲနေမှာ) ဆရာမကြီးကတော့ “ အရမ်းကြီး အခြေအနေ မဆိုးပါဘူး မျဉ်းမာတယ် ” တဲ့ ( အားပေးစကားတွေ သိတာပေါ့နှော့် )။ ပန်းချီကျောင်းတွေမှာဆို အဲဒီ Line တွေ Curve တွေကို ပထမနှစ် တစ်နှစ်လုံး အသားကျအောင်ထိဆွဲရတယ်တဲ့။ အိမ်မှာအများကြီး လေ့ကျင့်ဖို့ လိုသေးတယ်ဆိုတာ သဘောပေါက်လိုက်တယ် ( ချက်ခနဲ့ဆို နားခွက်မီးတောက် ပြီးသား )… ။
Line and Curve တွေချည်းဆွဲပြီးရော Form ( ပုံသဏ္ဍာန် ) အဆင့်ကိုတက်တယ်…
Form is “ Interest ”
Form is “ Exciting ”
Form is “ Emotion ” တဲ့
အဲဒီအချက်တွေနဲ့ ဘောင်ဝင်သွားရင်…… ( ပြောမပြလဲ သိတယ်မလား )
- မျဉ်းမာတွေချည်း ၁၀ ပုံ ၊
- မျဉ်းပျော့တွေချည်း ၁၀ ပုံ ၊
ဒါတွေကို အခြေခံခဲရာ ( Out Line ) လို့ခေါ်တယ်။ အခုနောက်ပိုင်းမှာတော့ Out Line တွေကို သိပ်သုံးတာမရှိတော့ဘဲ သီအိုရီ အရပဲရှိတော့တယ်… ဘာပဲဖြစ်ဖြစ် အခြေခံသဘောတရားတော့ သိသင့်ရမယ်…
နောက်တစ်ဆင့်က နယ်ခွဲခြင်း ( Tone ) အလင်းအမှောင် ၊ အနု ၊ အရင့် သဘောတရားတွေပါတယ်…
အဓိက ကတော့ idea ကောင်းရမယ်...။ သပ်ရပ်ရမယ်…။ ဒီနေ့ကတော့ ဒီလောက်ပဲ သင်လိုက်ပေမယ့် … လေ့လာရမယ့် အပိုင်းတွေ အများကြီး ၊ လေ့ကျင့်ရမယ့် အပိုင်းတွေလဲအများကြီး …
နေ့လည် ၁ နာရီမှာ သင်တန်းကပြန်လာတယ်… မန္တလေးနွေရာသီရဲ့ နေပူကျဲကျဲ အောက်မှာ ဆိုင်ကယ်မောင်းပြန်လာရတော့ ခေါင်းတွေအရမ်းကိုက်နေတာပဲ။ အိမ်ရောက်ရင်အိပ်ပလိုက်မယ်လို့ အားခဲထားတာ… ဒါပေမယ့်လဲ သင်လာခဲ့ရတာလေးတွေ မေ့တေ့တေ့မဖြစ်ခင် စဉ်းစားပြီး ရောက်ရောက်ချင်း ပဲ Blog အတွက်ချက်ခြင်း ချရေးပြီး စာစီလိုက်တာ…။ စာတွေရိုက်ပြီးလို့ ဓါတ်ပုံထည့်ဖို့ စာရွက်တွေ Scanner သွားဖတ်တော့ Paper Size ကနည်းနည်းကြီးနေလို့…Camera နဲ့ပဲပြန်ရိုက်ထားတာ။ သူငယ်ချင်းတို့… သည်းခံပေးကြနော်… နောက်ပြီး.. အားနည်းချက်တွေ ထောက်ပြ၊မှားနေတာတွေ ပြင်ပေး အကြံပြုချက်တွေလဲ အရမ်းကိုကြိုဆိုပါတယ်… ကျေးဇူးလဲတင်တယ်… ( စာသင်ပျိုနုပဲရှိသေးတော့ … =P )
3 comments:
နှစ်ကူး... အားပေးတယ်ဟေ့..
ဆက်လုပ်..ဆက်လုပ်..
ဒီအကြောင်းကို.. ပိုစ့်မှာလည်း အမြဲတင်ပါ..
Bravo!!!!!!
တေးမွန်
ဟေ့.. တေးမွန်.. မြှောက်ပေးရင် ကွေးနေအောင်က တတ်တယ်နော်... ဟ ဟ ...
ကောင်းတယ်..ahmei လဲဝါသနာ ပါတယ်..
ချာမနှစ်ကူး ပြောတဲ့တိုင်း လိုက်လုပ်ကြည့်မယ်..
မတတ်မချင်း သင်ပေးရမှာနော်...ဟီ..ဟီး..
Post a Comment