Monday, May 28, 2007

ခဲပန်းချီအကြောင်း အပိုင်း ( ၄ )

ပြီးခဲ့တဲ့ တစ်ပတ် စနေ၊ တနင်္ဂနွေနေ့ ကတည်းက တင်မယ့် post က မတင်ဖြစ်သေးဘဲ အခုမှပဲတင်ဖြစ်တယ်…။ ဟိုအကြောင်းအရာလေးလဲ တင်ချင်…၊ ဒီအကြောင်းအရာလေးလဲ တင်ချင်.. နဲ့ ဟို post လဲ တန်းလန်း ဒီ post ကလဲ တန်းလန်း..ဖြစ်ဒါနဲ့ပဲ တော်ပြီ… မဖြစ်ချေဘူး.. တစ်ခုပြီးမှ တစ်ခုလုပ်တာကောင်းပါတယ် ဆိုပြီး စိတ်ကို ဒုန်းဒုန်းချလိုက်တာ်..။ နောက်ပြီး တချို့မြန်မာစာလုံးတွေကိုလည်း ကောင်းကောင်းဖတ်လို့ မရကြဘူးဆိုလို့လဲ အကြံပေးတဲ့ Link လေးတွေဝင်ကြည့်ပြီး တတ်သလောက် မှတ်သလောက် လုပ်ကြည့်နေတာ..။ မလုပ်တတ်တော့ အဆင်မပြေသေးဘူး ဖြစ်နေတယ်..။ မကြာခင်တော့ ရပါလိမ့်မယ်လို့ ထင်ကောင်းပါရဲ့…။ ကြိုးစားကြည့်နေပါတယ်..။ ခဏတော့ သီးခံပေးကြပါအုံးလို့။…

အခုတင်ထားတဲ့ post မှာပါတဲ့ ပုံလေးတွေက Stroke ကိုအဓိကထားပြီး လေ့ကျင့်ခဲ့ရတဲ့ ပုံလေးပါ။ ဒီလိုလေး လေ့ကျင့်လိုက်ရတော့ Stroke အကြောင်းကို အရင်ကထက်စာရင် နည်းနည်းလေးတော့ ပိုသိလာခဲ့တယ်။ ၀ါရင့် ပန်းချီဆရာကြီးများဟာ Stroke ကိုပိုင်နိုင်ကြတယ်။ Stroke ကိုပိုင်ပိုင်နိုင်နိုင် ဆွဲနိုင်ရင် Texture အလိုလိုကောင်းသွားတယ်..။ Texture ဆိုတာကတော့ ပစ္စည်းရဲ့ အရသာပေါ့ ( ဥပမာ ဆိုကြပါစို့ …. မှန်ကိုဆွဲရင် မှန်ရဲ့သဏ္ဍာန်၊ သံကိုဆွဲရင် သံရဲ့သဏ္ဍာန်၊ ရေကိုဆွဲရင် ရေရဲ့သဏ္ဍာန် ပေါ်လာတယ်..။ ) ပျော့တဲ့ အရာဝတ္ထုကို ဆွဲလိုက်ရင် ပျော့တယ်လို့ ခံစားမိနိုင်သလိုပဲ၊ မာကြောတဲ့ အရာဝတ္ထုကို ဆွဲရင် မာတဲ့ အရသာကို ခံစားမိနိုင်ရမယ်…။ ဒါဟာ Stroke ရဲ့သဘောပဲ။ အခုတင်ထားတဲ့ ပုံလေးတွေကို ဆွဲတဲ့နေ့ကပဲ Teacher က ကျောင်းသားတစ်ယောက် ဆွဲထားတဲ့ ကိုယ်တစ်ပိုင်း ပန်းပုပုံ ကိုကြည့်ဆွဲထားတဲ့ လေးထုတ်ပြတယ်..။ ကျောင်းသားဆိုပေမယ့် အသက် ၄၀ ကျော်ဝန်းကျင် ရှိနေပြီဖြစ်တဲ့ ကျောင်းသားတစ်ယောက်ကြီး ဖြစ်ပါတယ်။ အဲဒီပုံလေးက အပြင်က ပုံတူနဲ့ အရမ်းကို နီးစပ်ပြီး တော်တော်လေးတူပါတယ်။ Teacher ကလည်း မှတ်ချက်ချပါတယ်။ သူဟာ ဘယ်လိုပုံမျိုးကို မဆိုကောင်းကောင်း ဆွဲနိုင်ပါတယ်။ တစ်ခုပဲ ပြင်ဖို့တော့လိုတယ်။ ဘာလဲဆိုတော့ Stroke ပဲတဲ့။ Stroke အားမကောင်းသေးဘူးတဲ့။ ဆွဲထားတဲ့ ပုံမှာ Stroke တွေက မာကြောနေတယ်။ ပန်းပုပုံ မှာရှိတဲ့ မျက်နှာရဲ့ ပျော့ပြောင်းမှု တွေမရှိဘူး။ အဲဒါလေးကို ကြည့်မိလိုက်တော့မှ ခပ်ရေးရေး သဘောပေါက်သွားတယ်။ ( များကြီးသိသေးဖူး….. :P ) သဘောကတော့ Stroke တွေက ကြမ်းနေတော့ သာမန်ဆွဲထားတဲ့ ပုံတစ်ပုံဆိုတာထက် ဘာမှပိုထူးခြားမနေဘူး။ Stroke ကိုဆွဲတဲ့ အခါမှာလည်း အစ၊ အဆုံး ညီညီညာညာလေးဆွဲ သင့်တယ်။ ထိပ်နားမှာ စိပ်နေပြီး အဖျားနားရောက်ရော ကျဲကျဲကြီးဖြစ်သွားတာမျိုးဆိုရင် Stroke တွေက ထိပ်ပိုင်းစုနေပြီး နောက်ပိုင်းကားကားကြီး ဖြစ်သွားတတ်တယ်။ အဲဒါမျိုးကို ရှောင်သင့်တယ်။ ပြီးတော့လည်း တစ်ကြောင်းနဲ့ တစ်ကြောင်းထပ် မနေစေရဘူး။ အစ အဆုံး တစ်ကြောင်းထဲပဲ။ ( ဒါမျိုးတွေဖြစ်တာ ကိုယ်တွေ့မို့ပါ )။ ဒါမှပဲ ပုံလေးက သပ်ရပ်လှပပြီး ရုပ်လုံးကြွသွားမယ်။ နောက်ပြီး ပုံရဲ့ သဏ္ဍာန်လေးလည်း ပေါ်လာတော့မှာပေါ့။

ဟောဒီပုံလေးတွေက အပြင်ကပုံ ကို Direct ကြည့်ဆွဲထားတာ မှုတ်သေးဖူး… :D ။ ဆွဲပြီးသား Original စာအုပ်ကို ကြည့်ပြီးလေ့ကျင့်ထားတာ..။ ဒါတောင်မှ အမှားတွေက အများကြီးပဲ။ ဒီပုံလေးတွေမှာ အဓိကပေးချင်တာကတော့ အ၀ိုင်းပုံဆိုရင် ဘယ်လို Stroke ဆွဲသင့်တယ် ၊ လေးထောင့်ဆိုရင် ဘယ်လို Stroke မျိုးဆွဲသင့်တယ် ဆိုတာတွေပါပဲ။ များများလေ့ကျင့်တော့ ပိုကောင်းတာပေါ့။


စာကြွင်း။ ကျွန်တော်ဟာ ပန်းချီပညာရှင် တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပန်းချီကို စိတ်ဝင်စားပြီး ၀ါသနာပါတဲ့ ၀ါသနာရှင် အဆင့်ပဲရှိပါတယ်။ သင်တန်းမှာ သင်လာခဲ့ရတဲ့ ပညာရပ်တစ်ခုကို အခြားသူတွေကိုလည်း ပြန်မျှပေးချင်လို့ပါ။ ဒီ Blog လေးကို ဖတ်မိပြီး ပန်းချီကို စိတ်မ၀င်စားသေးသူများ စိတ်ဝင်စားလာအောင် ၊ စိတ်ဝင်စားသူများ၊ တတ်ကျွမ်းနားလည် သူများဆီမှလည်း ဆွေးနွေးအကြံပြုချက်များကိုလည်း နာယူနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်လေးလဲပါတာပေါ့။ ( အရမ်းသိ.. အရမ်းတတ် နေပါ့လား လို့တော့ ထင်ကြနဲ့ ... နှော့် … ) အချိန်ပေးပြီး ဖတ်ပေးတဲ့ အတွက် အားလုံး..အားလုံးကို ကျေးဇူးတင်ပါတယ်

Read More...

Tuesday, May 22, 2007

သိလားးး??

နွယ်မြက်သစ်ပင်ဆေးဖက်ဝင်..... မ၀င်တဲ့ပင်ဘာပင်လဲ.....????
သိတဲ့ တနယ်ရှင်းတို့ comment ပေးခဲ့ကြနော်.. :P ဟိ...ဟိ...


Read More...

Friday, May 18, 2007

ကလေးပန်းချီပြပွဲ သို့တစ်ခါတစ်ခေါက် အလည်ရောက်

ကလေးပန်းချီပြပွဲ ဖွင့်ပွဲနေ့ကို လာခဲ့ဖို့ Teacher ကဖိတ်လို့ အရောက်သွားခဲ့ပါတယ်။ ပြပွဲက ၇၈ လမ်းပေါ်မှ သင်တန်းတည်ရှိရာ နေရာမှာဖြစ်ပါတယ်။ မနက်ကတည်းက သွားဖို့ဟန်တပြင်ပြင် လုပ်နေပေမယ့်လည်း ညနေ ၄ နာရီ လောက်မှရောက်သွားဖြစ်တယ်။ ရောက်တော့ Teacher ကအပြုံးလေးနဲ့ကြိုပြီး “ အေးအေးဆေးဆေး ကြည့်နော် ” ဆိုပြီး ပြောတယ်။ ဒါနဲ့ပဲ ဟိုကြည့်ဒီကြည့် နဲ့ မျက်လုံးစင်္ကြာဖြန့် လိုက်တော့တာပေါ့။ ကလေးလေးတွေရဲ့ အားထုတ်ထားတာလေးတွေကို တွေ့ရတော့… သူတို့လေးတွေ သင်တန်းချိန်မှာ တုန်းကတည်းက အပတ်တကုတ်နဲ့ ကြိုးစားရေးဆွဲနေကြတာကို မြင်ရောင်လာတယ်။ တချို့ကားတွေမှာ ဆွဲထားတဲ့ ကိုယ်မရေးတတ်တဲ့ ရေးပုံလေးတွေကိုလည်း မှတ်သားလာခဲ့တယ်။ အပေါ်ထပ်မှာ လည်းပဲ ပန်းချီကားတွေ ခင်းကျင်းပြထားတယ်။ အဲဒီမှာ ဆရာတစ်ယောက်က သူ့တပည့်လေးတွေကို ပန်းချီကားတစ်ကားခြင်းစီရဲ့ အားသာချက်၊ ထူးခြားချက်၊ ရေးပုံ၊ ရေးဟန်၊ စိတ်ကူးစိတ်သန်းလေးတွေနဲ့ သူတို့ပြောပြချင်တဲ့ အကြောင်းအရာလေးတွေက ဘာလဲဆိုတာတွေကို ရှင်းပြနေတာတွေ့တယ်။ အရောင်အသွေး စုံစုံညီညီ ကိုယ်ပိုင် စိတ်ကူးလေးတွေနဲ့ လွပ်လပ်စွာ ရေးခြယ်ထားတဲ့ ကလေးတွေရဲ့ ဥာဏ်ရည်လေးတွေကလည်း မခေပါဘူးနော်…။ ကလေးအရွယ်မှာတည်းက အခုလို သင်ကြားခွင့်ရတာ မိဘတွေရဲ့ အမြင်ပြောင်းလဲလာမှုကြောင့် ဆိုရင်လည်း မမှားပါဘူး။ ကလေးငယ်လေးတွေဟာ အခုလို ကိုယ့်ပတ်ဝန်းကျင်မှာ မြင်တွေ့နေကြအရာတွေကို ပန်းချီအဖြစ်နဲ့ ကိုယ့်ရဲ့စိတ်ကူး၊ အတွေး နဲ့ အမြင်လေးတွေကို ဖော်ထုတ်ပြခွင့်ရတယ်။ ကိုယ့်ရဲ့ခံစားချက်ကိုလည်းပဲ ပန်းချီကားအဖြစ် ဖောက်ခွဲပစ်နိုင်တယ်..။ အခြားကလေးတွေထက် ဥာဏ်ရည်ပိုင်းမှာ ပိုသွက်လက်ပြီး ထူးခြားတဲ့ အမြင်လည်းရှိကြတယ်။ စိတ်တည်ငြိမ်မှုလည်းရမယ်။ အများနဲ့မတူတဲ့ အမြင်၊ အတွေးမျိုးလဲ ရှိတဲ့အတွက် ပန်းချီအမြင်ရှိတဲ့ ကလေးတွေဟာ လုပ်ငန်းခွင်ရောက်သွားရင်လည်း တဘက်တလမ်းက အကျိုးပြုနိုင်ပါတယ်။ အရမ်းကို လေရှည်သွားပီလားသိဖူးနော်… ကဲ..ကဲ.. ပန်းချီကားလေးတွေကို အတူတူလိုက်ခံစားကြည့်ရအောင်…

အဲဒီပန်းချီပြပွဲမှာ သဘောကျခဲ့တဲ့ ပန်းချီကားလေး တွေကိုတွေ့တော့ … blog မှာတင်လိုက်အုံးမယ်ဆိုတဲ့ စိတ်ကူးလဲ ပေါ်လာခဲ့တယ်..။ ဒါနဲ့ပဲ တာဝန်ရှိ ဆရာမကို ခွင့်တောင်းပြီး ဓါတ်ပုံရိုက်ယူလာခဲ့တယ်..။ ဆရာမကြီးက ကလေးတွေရဲ့ Biography လေးတွေပါ စိတ်ရှည်လက်ရှည်ရှင်းပြပေးခဲ့တော့ အနော်တို့တော့ သဘောတွေ့ မနောခွေ့ပေါ့… ဟာ..ဟ.. ။


My yard လို့ အမည်ပေးထားတဲ့ ဖရောင်းနဲ့ဆွဲထားတဲ့ ပန်းချီကားလေးကို သဘောကျတယ်။ ဆွဲထားတဲ့ ပညာရှင်လေးကတော့ အသက်က ၁၂ နှစ် VII ကျောင်းသားလေး “ Zaw Phone Pyi ” တဲ့ သူ့ရဲ့အိမ်လေးကို ကြည့်ပြီး outdoor ဆွဲထားတာ။ ကလေးပေမယ့် သစ်ပင်ပုံဆွဲထားတာ သပ်သပ်ရပ်ရပ်လေး။ ပြီးစလွယ်လုပ်မထားဖူး။ အရမ်းသဘောကျတယ်..။



နောက်တစ်ပုံကတော “ ပန်းတစ်ပွင့် ” လို့ အမည်ပေးထားတယ်။ သူလေးက အသက် ၁၁ နှစ် ပဲရှိသေးတဲ့ VI ကျောင်းသူလေး “ သီရိမိုးသက် ” တဲ့။ ကျောက်ဆည်ကနေ မန္တလေးထိ လာတက်ရတာ။ ၀ါသနာကြီးသူလေးနော်…။ နံမည်လေးကလှသလို ဆွဲထားတဲ့ ပုံလေးကလည်း ကဗျာဆန်ဆန်ပဲ။ ပန်းလေးတစ်ပွင့်ကို ရိုးရိုးလေးနဲ့ နွဲ့နွဲ့နှောင်းနှောင်းလေး ဆွဲထားပြီး အရောင်မှာ လက်စွမ်းပြထားတာ။ မထူးခြားပါဖူးလို့ ထင်ကောင်းထင်နိုင်ပေမယ့် ကလေးတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းလေး ကိုတော့ချီးကျူးသင့်တယ်။ ဘာပဲပြောပြော သီရိမိုးသက်လေးရေ.. ဆက်ကြိုးစားထား…။

ဒီပုံလေးက “ Flower Road ” လို့ အမည်ပေးထားတဲ့ သင်္ကြန်ရေပတ်တဲ့ မြင်ကွင်းလေးကို ပြန်လည်သရုပ်ဖော်ထားတာ။ ယခင်မြင်ကွင်းကို ကြည့်ရှုမှတ်သားဖူးပြီး ပြန်ရေးပြထားတာကို ( impression ) ရေးနည်းတဲ့။ ရေးဆွဲတဲ့သူကတော့ အသက် ၁၁ နှစ် အရွယ် VI ကျောင်းသားလေး “ အောင်စစ်ပိုင် ”... ဘာရယ်မဟုတ်ပါဘူး သူ့ရဲ့ဖွဲ့စည်းထားပုံလေးကို သဘောကျမိလို့ပါ။




ဒီပုံလေးလဲ ရုတ်တရက်ကြည့်ရင် ဘာကိုပြတာပါလိမ့်လို့ ဖြစ်ပေမယ့် … အသေအချာ ကြည့်လိုက်တော့ ခြံဝင်းအပြင်ကနေ အိမ်ကလေးကို ချောင်းကြည့်နေသလား၊ လှမ်းကြည့်နေသလားပဲ။ ဒီကလေးလေး idea မဆိုးဖူးနော်…။ ဆွဲတဲ့သူက ဘယ်သူလဲတော့ မသိခဲ့ဘူး။




ဒီ “ Candle ” လို့ အမည်ပေးထားတဲ့ ပုံလေးက ဂီတအခြေခံရှိတဲ့ အသက် ၁၁ နှစ် VI တန်းကျောင်းသားလေး “ အာကာစိုးမိုး ” ရဲ့ စိတ်ကူးပန်းချီလေးပါ။ Teacher ကပြောတယ်.. သူဆွဲတဲ့ ပုံလေးတွေမှာ wave ရဲ့သဘောတရားလေး တွေပါတတ်တယ်တဲ့။ ဒါလေးလည်း မဆိုးဖူးနော်..။





ဒီကားလေးကို “ Step ” လို့ အမည်ပေးထားတယ်။ ဆွဲတဲ့သူလေးက မိန်းကလေး ..။ သူလေးက Catwalk တွေလျှောက်ဖူးတဲ့ Model လေးတဲ့။ အခုသူဆွဲထားတဲ့ ပုံလေးကလည်း စင်မြင့်ပေါ်တက်ခါနီး လှေကားထှစ်လေးတွေကို ဆွဲထားတာ။






ဒီပုံကိုသေချာကြည့်ရင်းနဲ့ တကယ်ကို ပူလောင်လာသလို အရသာကို ခံစားရတယ်။ တော်လိုက်တဲ့ ပန်းချီဆရာလေး…။ ကိုယ်ကလွဲရင် အားလုံးတော်ကြတယ်နော်…။









ပြပွဲကိုလာအားပေးတဲ့ ပရိတ်သတ် ပုံလေးနဲ့ပဲ… နိဂုံးချုပ်လိုက်ပြီနော်…. အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ..။

မှတ်ချက်။ ။သြော်…. ဒီပြပွဲလေးက ၇၈ လမ်း ၊၂၇ ၊ ၂၈ ကြား ဘူတာကြီးအနီး ပံသုစန္ဒာပန်းချီသင်တန်း မှာ ၁၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပြသထားမှာ ဖြစ်ပါတယ်…။





Read More...

ကျေးဇူးတင်ပါတယ်