Friday, August 4, 2017

ကဲ ဒီတစ်ခေါက်တော့ Stroke ကောင်းကောင်းဆွဲထားတဲ့ ပုံနဲ့ မကောင်းတဲ့ပုံ နှစ်ပုံကို ယှဉ်ပြလိုက်ရင် ၊ ပုံတစ်ပုံကို မြင်ရတဲ့အမြင်ခြင်း ၊ ခံစားရတဲ့ အရသာ ခြင်းစီလည်း ကွဲပြားမှုကို တွေ့ရလိမ့်မယ်။ ပထမပုံကတော့ ရုပ်ထုကို Live ကြည့်ဆွဲထားတာ။ ကိုယ့်ဘက်က မြင်ရတဲ့ အမြင်ကိုဆွဲ ပြီးတော့ Tone ကို ကိုယ့်စိတ်ကြိုက် ဖြည့်ရတာ။ အဲဒီလိုဖြည့်ရတော့ ဘယ်နေရာတွေမှာ Tone အမြင့်ဆုံးခြယ်သင့်တယ်၊ ဘယ်လိုနေရာတွေမှာ လျှော့သင့်တယ်ဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ မလုပ်တတ်တော့ ပုံရဲ့အရသာပျက်ကရောပဲ။… ပါးရိုးပေါ်ပေါ် ၊ မေးရိုးထင်းထင်း ၊ ချွန်းနေတဲ့ နှာခေါင်း နဲ့ မျက်နှာရဲ့အနေအထားလေးတွေ ဘာတစ်ခုမှ ပေါ်လွင်အောင် ဆွဲမပြနိုင်ဘူး။ ဒါပေမယ့် Teacher“ ပုံတစ်ပုံကို ရုပ်လုံးပေါ်အောင် ဖန်းနိုင်တယ်။ အစပိုင်းဆိုတော့ ဒီလောက်တော့ ရှိတာပေါ့ ” တဲ့။ အင်း… ဒါတော့လဲဟုတ်တာပဲ .. ။ စာရွက်အလွတ်ကြီးကိုကိုင် ၊ ရှေ့မှာချထားတဲ့ ပန်းပုရုပ်ထုကြီးကိုကြည့်ပြီး ဘယ်ကစဆွဲရမှန်းမသိ ဖြစ်နေတာ။ နောက်ဆုံးတော့ အနီးစပ်ဆုံးတူတဲ့ ပုံတစ်ပုံတော့ ထွက်လာသားပဲလို့ ကိုယ့်ကိုကိုယ်တောင် အားပေးလိုက်သေးတယ်။ Teacher ကလည်း အပြင်မှာတွေ့ရတဲ့ အရာကို ဘယ်လိုစိတ်မှန်းနဲ့ တိုင်းထွာပြီး ဆွဲရတယ်ဆိုတာ သင်ပေးခဲ့တယ်။
အဲဒါနဲ့ပဲ လေ့ကျင့်ရမယ့် စာအုပ်ထဲက ပုံတစ်ပုံကိုပေးတယ်။ အားးပါးး… ဆွဲထားတာတော့ အရမ်းလက်ရာမြောက်တယ်။ Teacher ကပြောတယ် “ အဲဒါ ဆရာတွေကိုယ်တိုင် ဆွဲထားတာ မဟုတ်ဘူး။ တရုတ်ပြည်က ကျောင်းသားတွေဆွဲထားတဲ့ ပုံတွေကိုစုပြီး စာအုပ်ထုတ်ထားတာ” တဲ့ ။ အသက်ကြီးတဲ့လူတစ်ယောက်ရဲ့ မျက်နှာပေါ်မှာရှိတဲ့ အရေးကြောင်းတွေကို သူမြင်သလိုဆွဲသွားတာ။ အခုဆွဲပြထားတဲ့ ပုံထက် အဆ ၁၀၀ လောက်ကိုကွာတယ်။ ဒီပုံကတော့ နှစ်ကူး က အဲဒီဆွဲထားပြီးသားပုံလေးကို ကြည့်ပြီး ကိုယ်မြင်သလိုပြန်ဆွဲထားတာပါ။
အဲဒီတော့ ပုံနှစ်ကို ယှဉ်ကြည့်လိုက်မယ်ဆိုရင် အရှေ့ပိုင်းတွေတုန်းက ပြောပြောနေတဲ့ Stroke ဆိုတာ ပေါ်လွင်လာလောက်ပါပြီနော်။ Stroke ကောင်းရင် ဆွဲထားတဲ့ပုံလေးက ရုပ်လုံးကြွလာတာပေါ့။

No comments:

ကျေးဇူးတင်ပါတယ်