Saturday, April 28, 2007

သင်္ကြန်အကြွေးဆပ်ခြင်း...

thin-gyan blog မှာတင်မယ့်ဟာ အီးရောအီးရောနဲ့ အပြင်းကြီးနေတာ.. အခုမှပဲတင်ဖြစ်တော့တယ်.. ရိုက်တာက သင်္ကြန်အကြတ်နေ့ကရိုက်ထားတာ.. မဏ္ဍပ်သွားတဲ့ အိမ်က မဒီတွေကို နေ့လည်ကြသွားကြိုတော့ လိုက်သွားတာ။ အလကားတော့ဘယ်နေလိမ့်မလဲနော်... လမ်းမှာတွေ့သမျှရိုက်လာခဲ့တာပေါ့။
ခွင့်တောင်းပြီး မရိုက်ခဲ့ဘဲ အမြန်အမြန်ရိုက်ခဲ့ရတော့ ပုံတွေကလည်း ရွဲ့တဲ့ဟာကရွဲ့ ၊ စောင်းတဲ့ဟာကစောင်း။ အဲဒါလေးတွေကို သည်းခံ။
စွမ်းဟိုတယ် ရှေ့တစ်လျှောက် ကားတွေတိုးမပေါက်တော့ မဏ္ဍပ်တွေရှေ့ လမ်လျှောက်ကြည့်တဲ့သူတွေ တော်တော်များတယ်။ ဆိုင်ကယ်တွေရပ်ပြီး လမ်းလျှောက်ကြည့်တဲ့ စတိုင်ကလဲ မန်းသင်္ကြန်မှာ ခေတ်စားနေပါပြီထင်ပါ့။ ဒီတော့ စီးပွားရေးဈေးကွက် မြင်သူတွေရဲ့ ဈေးကွက်ချဲ့ထွင်လာတာကြောင့် ဆိုင်ကယ်အပ် လက်ခံတဲ့နေရာတွေလဲ ဟိုမှဒီ အစီအရီ ပေါ်ထွက်လို့လာပါတယ်။ အဲဒါကို သင်္ကြန်ဈေးကွက် လို့ခေါ်တယ်… (ဘယ်စွယ်စုံကျမ်းမှ သွားမရှာနဲ့ ကိုယ့်ဟာကိုယ် နံမည်ပေးထားတာ… ဟိ….ဟိ… ) ဆိုင်ကယ်အပ်လက်ခံတဲ့ သူတွေများနေတော့ customer တွေကို ကျိုက်ထီးရိုးက ထမင်းဆိုင်တွေလို အလုအရက်ပဲ။ ဆိုင်းဘုတ်မှာ ဆိုင်ကယ် 300 ပါ အမ်းစရာမရှိရင်တော့ 500 ယူပါတယ်။ အဲ… 200 ပဲပါတဲ့ကြတော့လဲ အထူးဈေးနှုန်းပေါ့။ ကားအပ်ခကြတော့ ဈေးနှုန်းက 2500 တဲ့။ ဈေးနှုန်းကလဲ ပဲခူး နဲ့ ပုဂံ။ အဲဒါကို အခြေအနေအရဈေးကွက် ဟုခေါ်သည်။
-ဘာတွေဘယ်လိုပဲဖြစ်ဖြစ် လမ်းဘေးမှာမူးရူးနေလို့ ဆိုင်ကယ်ပျောက် သွားတာထက်တော့ သက်သာပါသေးရဲ့။ ပျော်တဲ့သူတွေကပျော်နေ ၊ မြူးတဲ့သူတွေကမြူးနေ ၊ မူးတဲ့သူကမူးနေ ၊ ရူးတဲ့သူကရူးနေ လျှက်သင်္ကြန်ရဲ့ ပုံရိပ်တွေကတော့ အသက်ဝင်လှုပ်ရှားနေဆဲပါ။
အားလုံးအတွက် သင်္ကြန်အမှတ်တရ ပုံရိပ်များ....



-မဏ္ဍပ်တွေလဲနား ၊ စင်ပေါ်က မမတွေလဲထမင်စားနား ၊ စင်အောက်က ကိုကိုကဲတွေလဲ ခေတ္တနား…

-လက်မှတ်ပျောက်လျှင်တာဝန်မယူ ဆိုလို့များ အပ်မဲ့ ဆိုင်ကယ်တွေမရှိတာလား တိဖူး…

-ဒီနှစ်သင်္ကြန် မမတွေက ကျစ်ဆံမြီးရှတိုင် ၊ ကိုကိုတွေက ပန့် ရှတိုင်တွေနဲ့… အပြတ်မိတယ်ဟေ့…

-ရုတ်တရက် ဟောလို “ဘွမ်း” ဆိုရင်.. အော်လိုက်ကြတာများ “အား” ခနဲ့ပဲ….

-ရှေ့ကကားကို နောက်ကကားက kiss ပေးလိုက်တော့ ကားပေါ်က လူတွေဗျာများကုန်ရတာပေါ့ …

-ဒါက ဘယ်ရွာကလဲ.. အဲ.. မှုတ်ပါဖူး… အဒူတွေလဲ တိဖူး။ (အမျိုးတွေများပါနေမလား... သေချာရှာကြည့်) ဟိ...ဟိ...

-ဒီကလေးတွေ..ထမင်းဖိုးမလောက်လို့ ခေါင်းခြင်းရိုက် တိုင်ပင်နေကြတာများလား… ( စဉ်းစားစရာပဲ )

-နေ့လည် 2:15 ဘဲရှိသေးတာ ၀ီရိယကောင်းလိုက်ပုံများ …. ( 73 လမ်းပေါ်ကနေ 26 လမ်း ကိုလှမ်းရိုက်ထားတာ )

-ဒီဆိုင်ကို သိကြမယ်ထင်တယ် ဒါ Mandalay ရဲ့ Top 10 မြန်မာထမင်းဆိုင်တွေထဲက တစ်ဆိုင်ပဲလေ သင်္ကြန်တွင်းမှာ သူလဲပဲ ရှတိုင်တစ်ညိုး နဲ့...

-ဟေ့……ပြိုင်မောင်းမလား????

-ဓါတ်ဆီ ပါတယ်… မီးခြစ်ပါတယ်… မီးရှို့လိုက်… မီးရှို့လိုက်… ခွိ… ခွိ… ခွိ…



-ဟဲ…ဟဲ… ဒီစုံတွဲကိုလည်း အလွတ်မပေးဘူး… ရိုက်ခဲ့တယ်…

-မောကြသေးဖူးလား.... ???

-ကားတွေကလည်း အလျှိုအလျှိုနဲ့… ကျူံးဘက်ကိုပဲ ဦးတည်လို့….


-ဟော..ဟိုနားမှာ ရုံးစုရုံးစုနဲ့ ဘာတွေပါလိမ့်…. သွားကြည့်လိုက်အုံးမယ်…





-အား..ပါး...ရွှေဆင်မင်းက မမကြီးတွေ ကဲနေတာ အရမ်းဘဲ…..



-သူများတွေ ပျော်မြူနေတဲ့ အချိန်မှ ရတနာပုံဈေးကြီးဘေးက လမ်းကြီးက အနားယူနေပုံများ အေးအေးဆေးဆေး….




3 comments:

Myo Kyaw Htun said...

Thanks for your photos

နှစ်ကူး said...

Thx 4 ur visit :P

ahmeisoekyi said...

အဟား..နှစ်ကူးလေးက စပလယ်ရှယ်ကို analyst လုပ်ထားတယ်ကိုး..သိပ်သိပ်ချစ်ဖို့ကောင်း..:)))))

ကျေးဇူးတင်ပါတယ်