Tuesday, April 24, 2007

ထူးထူးခြားခြား အပြုအမူ ၁၀ မျိုး

ဒီလို..ဒီလို.. ရေးဖြစ်သွားတဲ့အကြောင်းကတော့.. ဟော..ဟို..က လမ်းမှာပိုက်ဆံတွေ့ရင် ဘယ်တော့မှမကောက်တတ်တဲ့ ah mei ရဲ့ကျေးဇူးတော်ကြောင့်ပဲ ဖြစ်ပါသည်။ ( စိတ်မကောက်နဲ့ … ထိပ်ပြောင်ကြီးနဲ့ ရတတ်တယ် ) ခွိ…ခွိ… ခွိ…

၁။ အချက်စပြောရရင်… သူငယ်ချင်းတွေကတော့ပြောကြတာပဲ … အနော်နဲ့ အပြင်သွားဖို့ Date ရင် 1 နာရီခွာပြီးချိန်းရတယ်တဲ့ မယုံပေါင်… အီစကို ရောက်သွား လိုက်တိုင်း သူတို့က ရှိကြတော့ဘူး … ( P.S ကိုယ့်ကိုယ်ကိုတော့ အဲလောက်နောက်ကျတတ်တယ်လို့ ထင်ပေါင် ) …ဟီး…ဟီး…

၂။ ၀ယ်ထားတဲ့ အင်္ကျီ အသစ်လေးတွေဆိုရင် မ၀တ်ရက်လို့သိမ်းထားပြီး အလှကြည့်တတ်တယ် ( ဘယ်လိုကြီးလဲသိဘူးနော် ) ... အ၀တ်စားတွေကိုဝယ်ပြီး မ၀တ်ဘဲ သိမ်းထားတာဘာလုပ်ဖို့လဲတဲ့ နောင်တစ်ချိန်ကျရင် လေလံတင် ရောင်းစားဖို့လို့… ( မွန်ရိုးကိုအားကျလို့ )

၃။ အပြင်သွားဖို့ပြင်ဆင်ရင် ခါးခါးလူးတာ အသာထားအုံး .. ဘာဝတ်ရမှာလည်းလို့ ရွေးရတာကို ၁ နာရီပဲ … ;-p ( ပြီးတော့လဲ ဒီပုံ.. ဒီပုံပါပဲ... )

၎။ မနက်ဆိုရင်လည်း ၆ နာရီဆို ဒေါင်ခနဲ့ နိုးလာပြီ… ( မချီးကျူးနဲ့အုံး ဆုံးအောင်နားထောင် ) ဟဲ…ဟဲ… ၉ နာရီရဲ့ဟိုဘက် ၊ ဟိုးးး..ဘက် လောက်ဆိုအိပ်ရာထပြီ။ ( ဇိမ်ကျလိုက်တာလွန်ပါရော။ J မ၀င်နဲ့ … ကိုယ့်ကုသိုလ်နဲ့ကိုယ် )

၅။ စာမေးပွဲနားနီးမှ ပြာရာခတ် စာလုပ်တတ်တဲ့ အကျင့်ဆိုးလဲရှိသေး.. ဘာလို့လဲသိလား စာတွေက ကြိုပြီးကျက်ထားရင် မေ့တတ်လို့.. ( အဲလိုဥာဏ်ကောင်းလိုက်ပုံများ ... ) စာလုပ်တော့မယ်ဆိုရင်လည်း… နေရာကလဲရွေးသေး… ကြက်တူရွေးတွေလို အာဗြဲကြီး အော်ကျက်ရမှ စာရတယ်လို့ထင်တာ…

၆။ ကိုယ့်ကိုချီးကျူးတဲ့သူတွေအနားဆို ခပ်ခွာခွာလေးနေလေ့ရှိတယ်… ( ရှက်လို့ ).. ဟီးး…ဟီးးး

၇။ သြော်…သြော်…ပြောချင်တာကျန်သေးတယ်… စိတ်ဆိုးအောင် ၊ စိတ်ကသိကအောက်ဖြစ်အောင် ၊ နောက်ကော ဘာကျန်သေးပါလိမ့်... ထားပါတော့လေ.. အဲလိုလုပ်တဲ့သူဆို အလွန်မုန်းးးးးးးးးးးးးးးးး…။ ပြီးတော့ စကားကိုမဆင်မခြင် ပြောတတ်ပြီး ၊ ကိုယ့်မျက်ချီးကိုယ် မမြင်တတ်တဲ့သူလည်း ကြည့်မရဘူး။ ( လုံးဝ....လုံးဝ....ဘဲ )... တစ်ယောက်ယောက်ကိုစိတ်ဆိုးနေရင် အဲဒီလူကို သေနတ်နဲ့ တစ်ဒိုင်းဒိုင်းပြစ်ပလိုက်တာ ( ဟီး...ဟီး.. စိတ်ထဲကနေ )

၈။ ဟဲ… ဟဲ… ဓါတ်ပုံရိုက်တာကိုတော့… ၀ါသနာပါတယ်… သူများရော ၊ ကိုယ့်ကိုယ်ကိုရောပဲ။ (အမြင်ကတ်လောက်အောင်ကိုရိုက်တာ)

၉။ ရာသီဥတုပူရင် မကြိုက်ဘူး… ဖြစ်နိုင်ရင် မေမြို့ရာသီဥတုကို မန္တလေးဆီရွှေ့လို့ရရင်ရွှေ့ လာစေချင်တာ..။ ( သိပ်လဲမဝေးဘဲနဲ့ အရမ်းကွာတာပဲနော်... )

၁၀။ အိမ်မှာ ထမင်းစားရင်.. ပန်းကန်ဆေးရမှာဆိုးလို့ ဟိုလူ့ဆီတစ်ဇွန်း...ဒီလူ့ဆီတစ်ဇွန်းနဲ့ .. ဗိုက်ဝတတ်သည်.. ( ပိုင်လိုက်တဲ့ အကြံအစည် )

တော်သေးပြီ.... နောက်ထက် ၁၀ ချက်မကကျန်သေးသည်... အကုန်သိကုန်ရင်.... ခက်ရချေသေးရဲ့..... ဟိ...ဟိ...

ပြန်ပြီးတော့ Tag ရှင်ပါဒယ်... အဒူတွေကို Tag ရမှန်းတိဖူးးးးး

If ဒီလိုမျိုးလေးပြန်ရေးရင်

then ပိုက်ပိုက်ကုန်တဲ့အခါ အတိုးမဲ့ ချီးပေးမယ့်သူတွေ များကြီး..များကြီး ရှိမှာဖြစ်ပြီး

else ပြန်ရစရာအကြွေးတွေအကုန်ဆုံးမှာဖြစ်ပါတယ်… ( မိုက်တယ်ကွာ… ရွှီး…ဖြောင်း..ဖြောင်း..ဖြောင်း… )

3 comments:

ahmeisoekyi said...

ရွှီး..ဖြောင်းဖြောင်း..ဖြောင်း.
အင်း..နောက်တချက်ရှိ သေးတယ်..ဟီဟီး..
ခရီးသွားရင် အ၀တ်စား တခုချင်းစီကို plastic လေးနဲ့သေသေချာချာ ထည့်တတ်ပြီး plastic သံလေးတွေ နဲ့ တကြွပ်ကြွပ် မြည်အောင် အလုပ်ရူပ်နေသူ..(စိတ်ဆိုးရ၀ူးနော်...else..အိပ်ရာနိုးရင် ကတုံးမကြီး ဖြစ်ဝါးမယ်..) :P
ချစ်လို့စတာ..mwah..mwahh..

kyawmintun said...

ကောင်းတယ်ဗျို့

နှစ်ကူး said...

once more....
ရွှီး.....ဖြောင်း.....ဖြောင်း.....

ကျေးဇူးတင်ပါတယ်