ဟေးးး.... တနယ်ရှင်းဒို့... Chor Tee နော်... ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်နီးနီးကို အလုပ်ချုပ်ဒါကွဲ့... ဒါကြောင့် ... ပြီးခဲ့တဲ့ စနေ ၊ တနင်္ဂနွေနေ့က Post မတင်ဖြစ်ဖူး။ နောက်ပြီးတော့ စာစီနေရတာလဲ အကြာကြီးပဲ။ ဘယ်ကစလို့ ဘယ်လိုရေးရမှန်းကို စဉ်းစားလို့ မရဘူးဖြစ်နေတာ..။ ၁၀ တန်းတုံးက မြန်မာစာ စာစီစာကုံးကို ၃ မျက်နှာလား၊ ၄ မျက်နှာလားရေးလာခဲ့တာ..။ ဟုတ်လှချည်လားလို့ မထင်လိုက်နဲ့ မြန်မာစာ ဆရာကြီး ဦးမြင့်သိန်း အာဂုံဆောင်ခိုင်းတဲ့ ကဗျာတွေ လက်ရေးကြီးကြီးနဲ့ ချရေးပြီး အဓိပ္ပါယ်နဲနဲပါးပါး ပြန်ပေးလိုက်တော့ ၃ မျက်နှာ၊ ၄ မျက်နှာ အသာလေးပဲနှော့်…
ကဲပါ…။ ထားပါ…။ ဆွဲထားတဲ့ ပုံလေးတွေကြည့်ပြီး ဝေဖန်ပေးကြပါအုံး။ ကိုယ့်ဘာကိုယ် ဆွဲထားတော့ လှဒယ်ဘဲထင်တာပေါ့…အဟိ…။ Tone တွေခွဲထားတာ အခြေနေ ဘယ်လိုလဲ။ ပန်းချီကားတွေကို ကြည့်ပြီးဆွဲထားတာ။ ဆွဲတဲ့သူရဲ့ အားသန်ရာပေါ်မူတည်ပြီး ပန်းချီကားကို ခံစားရတဲ့ အရသာလည်း ကွဲပြားသွားတယ်။ ဒီပုံခြင်း အတူတူကို ကြည့်ရတာ ခန့်ခန့်ကြီး နဲ့ Calm လည်းဖြစ်တယ်..။ အခုဆွဲထားတဲ့ ပုံတွေကကြတော့ Emotion ဘက်ကိုပါတယ်တဲ့။ သူများဆွဲထားတဲ့ ပုံလေးတွေ အရမ်းသဘောကျပေမယ့် ကိုယ်အားသန်ရာ သန်ရာ ဆွဲတာပိုကောင်းမယ်ထင်တယ်..။ တစ်ခုတော့ရှိတယ်… သစ်ပင်ပုံတွေမှာ သဘာဝကျကျ မဆွဲတတ်သေးဖူး..။
ဒါ Homework ပေးလိုက်တဲ့ ပုံ...။ ဘာဆွဲရင်ကောင်းမလဲ စဉ်းစားလိုက်တော့ ပတ္တမြားစေတီ သွားတုန်းက ဧရာဝတီမြစ်ကြီးကို အပေါ်စီးက ကြည့်ခဲ့တဲ့ မြင်ကွင်းကို သွားသတိရလိုက်လို့ ပြန်ဆွဲထားတာ..။ ကြည့်ခဲ့တုန်းကတော့ လမ်းလေးတွေ၊ ၀င်းနဲ့ ခြံနဲ့ အိမ် တော့ မပါဖူးပေါ့..။ ပုံစံလေးပဲ မှတ်မိပြီး အသေးစိတ် မမှတ်မိတော့ဖူးလို့ ရမ်းတုပ်ပြီး ဖြည့်ထားတာ.. ။ အရင်က မြင်ဖူးပြီးသား မြင်ကွင်းကို ပုံဖော်ပြီး ပြန်ဆွဲတာကို impression လို့ခေါ်ဒယ်ကွယ့် ... ( အဲဒါ ပူပူနွေးနွေး ဒီနေ့ မှသိလာတာ )
ဒီပုံက Horizontal Line စပါးခင်းကြီးတွေရှိတယ် Vertical Line ကတော့ သစ်ပင်ကြီးပဲ။ အလင်းရောင်က ညာဘက် အပေါ်ဒေါင့်မှာကျနေတယ်။ အောက်ကမြေကြီးလိုင်းက ပုံရဲ့ Direction ကို အားဖြည့်ပေးတဲ့ Stroke လိုင်းတွေ။ စပါးခင်းတွေက နောက်ခံ Background သစ်ပင်ကြီးက Background ရှေ့မှာရှိနေတဲ့ Foreground ရေအိုးလေးလဲ ထပ်ဖြည့်ဆွဲလိုက်တော့ အမြင်တစ်မျိုးဖြစ်သွားတယ်။
ဒါကရော ဘယ်နေရာလဲသိလား..။ မသိလည်းနေ..ပြောပြမယ်..။ ရန်ကင်းတောင် အဝေးကဆွဲထားတဲ့ပုံပါ ။ Teacher ပြောတယ်.. သစ်ပင်တွေဆွဲထားတာ Stroke အားမကောင်းဖူးတဲ့။ မသပ်ရပ်ဖူး ..။ မသပ်ရပ်တော့ မပြီပြင်ဖူး။ မပြီပြင်တော့ မလှဘူးပေါ့..။ ဒါပေမယ့် ကြည့်ရတာတော့ Soft ဖြစ်တယ်တဲ့ ဟုတ်လား.. ? =P တောင်တွေရဲ့ နေရိပ်နေပုံ၊ အနိမ့်၊ အမြင့်... ဒါလေးတွေ သိသာအောင်လုပ်ထားတယ်။ အဲဒါတွေကို ကြိုးစားပြီး ဆွဲထားလို့ နဲ့တူတယ်နော်..။
ဒါက Second Last ပုံ တနင်္ဂနွေနေ့က ဆွဲထားတာ။ ဒါလည်း ရန်ကင်းတောင်ပုံပဲ။ ဟိုပုံ နဲ့ ဒီပုံ ကွာတာက ဒီပုံက နည်းနည်းပိုနီးတယ်..။ ကြုံတုန်းလေး ပြောပြအုံးမယ်..။ နောက်ဆုံးမှာရှိတဲ့ တောင်တန်းကြီးမှာ ... ညာဘက်က တောင်အခုံးကြီးကြီးလေးက နွားလဘို့တောင်..။ သူ့ဒီဘက်ကတောင်က ဘို့လေး။ ဘို့ကြီး၊ ဘို့လေးတဲ့။ မှတ်ထားကြ..။ ရှေ့ဆုံးကတောင်ကတော့ ရန်ကင်းတောင် =P ဒီပုံမှာ HL မျဉ်းတွေများတယ်..။ VL မျဉ်းဆိုလို့ ရန်ကင်းတောင် ရယ် သစ်ပင်သေးသေးလေးတွေရယ်ပဲ။ ဒါပေမယ့် အောက်ဆုံးက မြေကြီးလိုင်းပေါ်လို့ မြင်ကွင်းထဲကို နောက်ထပ် VL မျဉ်းထပ်ဖြည့်ဖို့လိုဖူးတဲ့။ မပေါ်တဲ့သူတွေကြတော့ ထပ်ဖြည့်ရတယ်..။
ဒါက နောက်ဆုံးဆွဲထားတဲ့ပုံ နေ၀င်ရီတရော ကျုံးကြီးကို နောက်ခံထားပြီးဆွဲထားတာ...။ outdoor ထွက်ဆွဲထားတာမှုတ်ဖူး။ US $10000 တန် ပန်းချီကားကို ပြန်ဆွဲထားတဲ့ ပန်းချီကားကိုမှ ထပ်ဆင့် ဆွဲထားတဲ့ ထပ်ဆင့်အကယ်ဒမီ ပန်းချီ... ဟဲ..ဟဲ... outdoor ဆွဲလောက်အောင် အခြေနေကောင်းသေးဖူး...။ သစ်ပင်ပုံတွေဆွဲတာ ကပေါ်ကရော်နဲ့ ...။ သပ်ရပ်သေးဖူး....။ ဒီနေ့တင်ထားတဲ့ ပုံတွေကတော့ Tone တွေကို သီအိုရီ အတိုင်းသွားထားတာ။ ဒါပေမယ့် ဘယ်အရာမဆို စာအုပ်ကြီးအတိုင်းသွားလို့မှ မရတာ..။ ရှာဖွေလေ.. တွေ့ရှိလေ…။
