Wednesday, July 4, 2007

ခဲပန်းချီအကြောင်း

ဒီပုံလေးကတော့ ဆရာစသင်တဲ့နေ့မှာပဲ စာအုပ်ထဲမှာပါတဲ့ ပုံတစ်ပုံကို စာမေးပွဲစစ်သလို ချက်ခြင်းဆွဲခိုင်းလိုက်တော့ … နှစ်ကူးတစ်ယောက်လည်း ကြောက်ကြောက်လန့်လန့်နဲ့ ဆွဲလိုက်တာ ပုံကမတူဖူး ဖြစ်သွားတယ်။ ဆရာကတော့ ကျောင်းသားတွေရဲ့ Texture ပိုင်နိုင်မှုရှိမရှိကို ကြည့်တာ၊ ပုံတူမတူ ကြည့်တာမဟုတ်ပါဖူးတဲ့။ အဲဒီတော့မှ တော်ပါသေးရဲ့လို့ စိတ်အေးသွားတော့တယ်။

ဒီ နှစ်ကူးတစ်ယောက်နှယ် Texture တို့ Tone တို့ကို ခဏခဏပြောပြောနေတယ်..။ အဲဒါ ဘာကြီးလဲလို့ မေးရင် ပုံလေးနှစ်ပုံခြင်းစီကို ယှဉ်ပြလိုက်မယ်နော်။ အလင်းအမှောင် ၊ အဖိအဖော့ ၊ အနိမ့်အမြင့် ခွဲထားခြင်းမျိုးပဲ။ ပန်းချီမှာကလည်း သူတို့ပါမှ ပွဲစည်တာ။ ငယ်ငယ်တုန်းကတော့ ပုံဆွဲပီးရင် အလိုမျိုးမဲမဲကြီးတွေ လိုက်ဖြည့်ထည့်တာကို လှဒယ်လို့ မထင်ဖူး။ အသားမည်းသွားအောင် လုပ်တာနဲ့တူဒယ်လို့ မြင်တာ။ အဲဒါနဲ့ ပတ်သက်ပီး နှစ်ကူးဆွဲထားတဲ့ ပုံတစ်ပုံကို ပြမယ်။ အဲဒီပုံက ဆွဲထားပီး Tone မဖြည့်တတ်လို့ ဒီတိုင်းပစ်ထားတာ။ အရင် ခဲပန်းချီအကြောင်း post အဟောင်းမှာလည်း တင်ထားဖူးပီးသားပါ။ အခု နည်းနည်းတော့ ဖြည့်တတ်သွားပီမို့ ကိုယ့်ဘာကို Tone ခွဲပီး စမ်းကြည့်ထားတယ်။ မြည်းကြည့်အုံးနော်… :P ဒါပေမယ့် ကိုယ်တိုင်ခွဲထားတဲ့ Tone က perfect မဖြစ်လို့ ဆရာက ပန်းချီကားတစ်ချပ် နဲ့တူအောင် နည်းနည်းပြန်ပြင် ပြပေးလိုက်တယ်။ ကိုယ့်ဘာကိုယ် ဆွဲထားတုန်းက ပန်းချီကားနဲ့ သိပ်မတူဘဲ ကာတွန်းနဲ့ ပိုတူနေပီး.. ပြင်လိုက်မှ ပိုလှသွားသလိုဘဲ။ (ကိုယ့်ငါးချဉ် ကိုယ်မှ မချဉ်ရင် အဒူမှချဉ်မှာမှုတ်ဖူး.. :P )

ဒီပုံကလည်း မကျေပွဲပြန်နွှဲထားတာပဲ။ မတောက်တစ်ခေါက် Tone လေးဖြည့်တတ်လာတော့ ပန်းပုရုပ်ထုကို ပြန်ကြည့်ပီး ဆွဲထားတာလေ။ ဒါလေးဆွဲပီးတော့ သိလိုက်ရတာက အလင်းဆုံး Tone နားမှာ အမှောင်ဆုံးရှိတယ်။ ရေးချက်တွေကို လှဲလိုက်၊ ထောင်လိုက် ရေးခြင်း ( မျဉ်းမတ်၊ မျဉ်းစောင်း၊ မျဉ်းလဲ ) အားဖြင့် distance တွေကို လုပ်ယူရမယ်။ အဲဒီ distance လုပ်ခြင်းဟာ ကွန်တို သဘောပါပဲ။ အဲလို မတူညီတဲ့ ရေးချက်လေးတွေ ဖြည့်လိုက်တော့ နှာခေါင်းချွန်တဲ့ သူပုံဆွဲရင် နှာခေါင်းချွန်လာမယ်။ ပါးရိုးမို့တဲ့ သူပုံဆွဲရင် ပါးရိုးမို့မို့ တွေပေါ်လာမယ်။ မျက်လုံးအိမ်ခွက်နေသူရဲ့ ပုံကိုဆွဲရင် မျက်လုံးအိမ်ခွက်နေကြောင်း ပေါ်လွင်လာမယ်… စသဖြင့်ပေါ့လေ။ Tone ဖြည့်ထားတော့ ပုံကို ကြည့်ရတဲ့ အရသာချင်း နည်းနည်းကွာသွားတယ်..ဟုတ်?? ။ ဆရာက ပန်းချီစာအုပ်တွေ ထဲက သူများခွဲထားတဲ့ Tone တွေကြည့်ပီး လေ့ကျင့်တာ ရပ်လိုက်ပီး ကိုယ်ပိုင် ကိုယ့်ဘာကို မြင်တဲ့ Tone တွေ ဖြည့်ကြည့်ရမယ်လို့ ပြောတယ်။ ဒါကြောင့် ကိုယ့်ဘာကိုယ် ကိုယ့်စိတ်ကူးနဲ့ကိုယ် ဇိမ်ပြေနပြေထိုင်ဆွဲပီး Tone တွေ စိတ်ကြိုက်ဖြည့်တော့တာ။ ဗိုက်ဆာမှန်းတောင် သတိမရတော့ဖူး။ အဲဒီနေ့က ညနေစောင်းမှ ပြန်ဖြစ်တယ်။

ဒီပုံလေး နှစ်ပုံကလည်း perspective ( အနီးအဝေး ) သင်မဲ့နေ့က မသင်ခင် တစ်ရက်အလိုမှာ ကိုယ်နားလည်သလောက် အမြင်နဲ့ ပုံလေးတစ်ပုံ အိမ်မှာဆွဲခိုင်းလိုက်တယ်။ ( အခန်းတစ်ခန်းထဲမှာ စာပွဲတစ်လုံးပါရမယ်။ မျက်နှာကျက် ပါရမယ်။ ဘေးနားမှာ ပြတင်းပေါက်လေးလဲပါရမယ် ဆိုပီး အိမ်စာပေးလိုက်တယ် ) ဘယ်ဘက်က ပုံလေးကတော့ အိမ်စာပေးလိုက်တဲ့ ပုံလေးပါ။ ညာဘက်ခြမ်းက ပုံလေးကတော့ နောက်ရက် သင်တန်းမှာ one point , two point တွေ သင်ပီးမှ ဆွဲထားတဲ့ ပုံပဲဖြစ်တယ်..။

one point ဆိုတာ မျဉ်းကြောင်းတွေက point တစ်ခုထဲမှာ ဆုံကြတယ်။ ယေဘူယျအားဖြင့်တော့ ပြိုင်နေတဲ့ မျဉ်းနှစ်ကြောင်းဟာ ဆုံမှတ်မရှိဘူးလို့ နားလည်ထားကြပါတယ်။ ပန်းချီမှာတော့ မျဉ်းကြောင်းတွေဟာ တစ်နေရာရာမှာ ဆုံကိုဆုံကြတယ်။ အစကတော့ ဆုံမှတ်မရှိဖူးလို့ သိထားတော့ ပထမပုံလေးမှာ မျဉ်းပြိုင်တွေကို မပြိုင်ပြိုင်အောင်ဆွဲထားတယ်။ အဲ… ဒုတိယပုံလေးမှာတော့ ဆုံမှတ်တစ်ခုကို ဗဟိုပြုပီး မျဉ်းကြောင်းလေးတွေ ဆွဲလိုက်တော့ အလိုလို distance တွေထွက်လာတယ်။ အဲဒီဆုံမှတ်ဟာ ကိုယ်ဆွဲနေတဲ့ ဧရိယာဘောင်လေးထဲမှာပဲ ရှိနိုင်သလို၊ ဘောင်ကိုကျော်ပီး အပြင်မှာလဲ ဖြစ်နေနိုင်တယ်။ သေချာတာတစ်ခုကတော့ အဲဒီမျဉ်းကြောင်းတွေဟာ တစ်ခုထက်ပိုတဲ့ ဆုံမှတ်တွေမှာ ရှိနေကြတယ်ဆိုတာပဲ။ ဆရာက သူတို့ကျောင်းတုန်းက perspective စာမေးပွဲ အတွေ့အကြုံလေးပြောပြတယ်။ မြေကြီးပေါ်မှာ သံချောင်းစိုက်၊ အဲဒီသံချောင်းလေးမှာ အပ်ချည်ကြိုးလေးနဲ့ တန်းပီး ဆုံမှတ်လုပ်ကြတယ်။ အဲ…. အဲ့ဒီဆုံမှတ်တစ်ခုမှာပဲ အပ်ချည်ကြိုး ၂ ကြိုး ၃ကြိုး ဖြစ်နေတတ်တယ်တဲ့။ ဆုံမှတ်ကိုပဲ ရှယ်ယာလာခွဲကြတာလေ… အဟ..ဟ..ဟ..။ ဒါပေမယ့် ခုတော့ အဲလောက်ကြီး လုပ်ဖို့မလိုပါဖူး။ သဘောတရားလောက်ကိုသိပီး အဲဒီ သဘောတရားကို အခြေခံပီး လုပ်ရမှာ။ သီအိုရီတွေ ပိနေရင် သီအိုရီက ကိုယ့်ကိုတက်စီးသွားမယ်။ ကိုယ့်ရဲ့ ideafeeling တွေကို အပြည့်အ၀ အသုံးချရမယ်။ ( ဒါတွေက ဆရာမှာတဲ့စကားတွေ။ နှစ်ကူးက သိလိုက်တာ လို့ ချီးကျူးမစောနဲ့ :P )။ ဒါပေမယ့် ခုတော့ မတူတူအောင် ဆွဲရတာ အရမ်းသဘောကျနေတာ။ ကိုယ်ဆွဲထားတဲ့ ပုံလေးကို သူများတွေက “ဟယ်… တူလိုက်တာ..” လို့များပြောလိုက်ရင် သဘောခွေ့ မနောခွေ့ပဲ…ဟိ…ဟိ..။ ကဲ… ဒီစာလေးဘေးမှာပါတဲ့ အနီးအဝေး ကိုရှင်းပြထားတဲ့ ပုံလေးကို ခဏတော့ ကြည့်လိုက်နော်။

ဒီပုံကတော့ Texture ပါတယ်။ ပန်းသီး၊ ငှက်ပျောသီး၊ စတဲ့ အသီးတွေရဲ့ သဘာဝကိုပေါ်အောင် ဆွဲရတယ်။ ( အယ်… တော်လိုက်တာလို့တော့ မထင်နဲ့အုံးနော်… အဲ့ဒါ စာအုပ်ထဲကပုံကို ကြည့်ပီးဆွဲထားတာ…. ဟဲ…ဟဲ… )

အင်း… ဒီပုံလေးလည်း တူတူပါပဲ ။ ပလက်စတစ်၊ စတီး၊ ဖန် ဆိုတဲ့ မတူညီတဲ့ အရာဝတ္ထုပစ္စည်းလေးတွေကို ပေါ်လွင်အောင်ရေးတာပဲ။ ဒီပုံလေးကတော့ ဆရာချထားပေးတဲ့ ပစ္စည်းတွေကို ထိုင်ဆွဲရတာ။ ဒီမှာ ထူးခြားတာက overlap ဆိုတာလေးပါလာတယ်။

ဒီ post လေးတွေကို စနေ၊ တနင်္ဂနွေ အပတ်စဉ် သင်တန်းကပြန်လာတိုင်း သင်ထားတာတွေကို ပူပူနွေးနွေး ပြန်တင်ရမှာ။ ဒါပေမယ့် အခု သင်တန်းချိန်က ပိုများလာတယ်။ ခါတိုင်းဆိုရင် နေ့လည် ၂ နာရီဆိုရင် နောက်အကျဆုံးဆင်းတာပဲ။ ခုနောက်ပိုင်း ညနေ ၅ နာရီ၊ ၅ နာရီခွဲမှဆင်းရတော့တယ်။ ဆင်းဆင်းချင်း နောက်သင်တန်းတစ်ခုကို ချက်ချင်းကူးရတယ်။ သင်တန်းနှစ်ခုကလည်း နေရာက တောင်နဲ့မြောက်။ နောက်တစ်ခုကူးရတဲ့ သင်တန်းက ပေးလိုက်တဲ့ အိမ်စာတွေ မပီးသေးလဲ ရှုံ့မဲ့မဲ့နဲ့ သွားရဒါပဲ။ ငယ်ငယ်တုံးကလို ဗိုက်နာလို့ ၊ ခေါင်းကိုက်လို့ sound reason ပေးလို့ နရတော့ဖူးးးး.. ။ အဲဒီတော့ မိုးမျက်နှာပဲမော့ကြည့်နေရဒယ်..။ မိုးရွာလို့ကတော့ သွားဖူးဆို သွားဖူးပဲ ( အရမ်းကြိုးစားတာပဲနော် …ဟိ..ဟိ..)

တော်သေးပီ… ဒီမှာခဏနားဦးမည်…..

4 comments:

Yan said...

ကျေးဇူးအများကြီးတင်ပါတယ် နှစ်ကူးလေးရေ. ဒီပို့စ်လေးကို ထပ်ဖတ်ဖို့ Bookmark လုပ်သွားပြီဗျာ. ဆက်ရေးပေးပါနော်.

ခင်မင်လေးစားလျက်

ရန်အောင်

soe soe kyi said...
This comment has been removed by the author.
Unknown said...

အွန်.. နှစ်ကူးရဲ့ မော်ဒယ်လေးက.. အလိုဖြစ်တွားတာလုံးး..
ကြောက်ကြောက်လန့်လန့် နဲ့ ချွဲရိုက်တာလား..
စဉ်းစားရအုံးမယ်..အဟီးးး မော်ဒယ်လုပ်ဖို့.. :D:D:D
အသီးတွေနဲ့ ကော်ကော် ချားသောက်တွားဒယ်နော်.. :P

Myo Kyaw Htun said...

ပန်းချီတော့ မဆွဲတတ်ဘူး။ ပန်းချီကိုတော့ ဝါသနာပါတယ်။ ဆက်ရေးပါ အားပေးနေပါတယ်။

ကျေးဇူးတင်ပါတယ်